Movie Name
Buddha 2 The Endless Journey (2014)
Year
2014
Generes
Animation, Biography
Code
AN0584
Type
Movie
Size
565 MB
Country
Hollywood
Description
Buddha 2 : The Endless Journey မြတ်ဗုဒ္ဓ ၂ – ဘဝသံသရာခရီး ……………………………………………….. IMDb 6.2/10 MyAnimeList 6.9/10 ဒီကာတွန်း​လေးက​တော့ ၂၀၁၁ထွက် Buddha : the great departureရဲ့​နောက်ဆက်တွဲကာတွန်းပါ။ ပထမကား​အပြီး တောထွက်ရာက​နေ သဗ္ဗညုတဥာဏ်ဆိုက်​​ရောက်ပြီး ဗုဒ္ဓမဖြစ်ခင်စပ်ကြား ဒုက္ကရစရိယာကို ပြင်းပြင်းထန်ထန်ကျင့်ကြံခဲ့ပုံ၊ ​ ဂင်္ဂါမြစ်စစ်ပွဲ၊ ​ကောသလနဲ့သကျသာကီတို့ရဲ့ စစ်ပွဲ၊ ဗိမ္မသာရမင်းကြီးနဲ့​တွေ့ဆုံခန်း၊ သာကီဝင်​တွေကျဆုံးခန်း​တွေကို​ဝေ​​ဝေဆာဆာမြင်​တွေ့ရမှာပါ။ တစ်ခု​တော့ရှိပါတယ်။ ဗုဒ္ဓဖြစ်စဥ်ကို​ကျောရိုး​လောက်ပဲယူထားတာမလို့ ​ထေရဝါဒရဲ့ဗုဒ္ဓဝင်နဲ့​တော်​တော်ကိုကွဲပါတယ်။ တချို့ဇာတ်လမ်း​တွေဆိုရင် အသစ်ထည့်တာ​တွေ၊ အချိန်ကွဲတာ​တွေပါပါတယ်။ ဥပမာ ​ကောသလက သကျသာကီ​တွေကိုဝင်တိုက်တဲ့ကာလဟာ အရမ်း​စော​နေတာတို့ပါ။ အပျင်း​ပြေကြည့်မယ်ဆိုမှပဲ ကြည့်ရအဆင်​ပြေမှာပါ။ နို့မို့ဆိုရင် ကျမ်းစာနဲ့မကိုက်ဘူး ဘာဘူးညာဘူးဖြစ်ပြီး စိတ်ညစ်ရပါလိမ့်မယ်။ မှတ်ချက် – နာမည်​တွေကိုတတ်နိုင်သမျှ ကျမ်းစာပါအတိုင်း ​​ရေး​ပေးထားပါတယ်