-
Movie Name
-
The Tomorrow Job (2023)
-
Year
-
2023
-
Generes
-
Action, Sci-Fi
-
Code
-
EN2578
-
Type
-
Movie
-
Size
-
729 MB
-
Country
-
Hollywood
-
Description
-
The Tomorrow Job (2023)
===================
အကယ်၍ ခင်ဗျားတို့သာ မနက်ဖြန်ကို အချိန်ခုန်ကူးခွင့်
ရမယ်ဆိုရင် ဘယ်နှယ့်လုပ်ကြမလဲ။ ဆေးတောင့်လေး
ကိုသောက်လိုက်။ မနက်ဖြန်ကို တစ်နာရီတိတိအချိန်ခုန်
ကူးလို့ရမယ်။ ဒါပေမဲ့ အသိစိတ်ကပဲကူးသွားမှာ။ ခန္ဓာကိုယ်
မပါဘူး။ ပြောရရင် ဒီနေ့အချိန်ကခင်ဗျားက မနက်ဖြန်အ
ချိန်က ခင်ဗျားရဲ့အသိစိတ်ထဲရောက်ပြီး အဲဒီမနက်ဖြန်
အချိန်ကခင်ဗျားက ဒီနေ့အချိန်ကခင်ဗျားရဲ့ အသိစိတ်ထဲ
ရောက်လာမယ်ပေါ့။ တစ်နာရီတိတိဖလှယ်သွားကြမယ်။
စာမေးပွဲမေးခွန်းတို့ ဘာတို့ညာတို့ ကြိုမကြည့်ချင်ကြဘူး
လား 😛 ။
လီ တို့အဖွဲ့ကတော့ မကောင်းမှုမှာ အသုံးချနေကြပါတယ်။
လီရယ် မာတင်ရယ် ဖင်းရယ် သုံးယောက်သားဟာ မနက်
ဖြန်ကိုခုန်ကူးပြီး အချက်အလက်တွေခိုးကြတဲ့အဖွဲ့ပေါ့။
သူတို့ကို ခိုင်းနေတဲ့ နောက်ကွယ်က အဖွဲ့အစည်းကြီးလည်း
ရှိပါသေးတယ်။
အဲဒီအချိန်ကူးဆေးတောင့်တွေကို Z+လို့ခေါ်ပါတယ်။ မသုံး
တတ်ရင်တော့ ရူးတဲ့အထိ ဘေးဖြစ်တတ်ပါတယ်။ တစ်နေ့
ကျ သုံးယောက်သား မစ်ရှင်တစ်ခုလုပ်ရင်း မာတင်သေသွား
တဲ့အချိန်ကစပြီး လီနဲ့ဖင်းတို့ ဒီအလုပ်ကိုရပ်ပစ်လိုက်ပေမဲ့
ပြန်စလုပ်ဖို့ အကြောင်းဖန်လာတဲ့အခါ….။ ဒီဆေးတောင့်
တွေကရောဘာလဲ။ နောက်ကွယ်ကအဖွဲ့အစည်းကရော
ဘာလဲ။ လီတို့တွေ ဒီမပြီးနိုင်တဲ့သံသရာကြီးကို အပြီးဖြတ်
နိုင်မှာလားဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦး။