Movie Name
Rebound (2023)
Year
2023
Generes
Drama, Sport
Code
KR0380
Type
Movie
Size
992 MB
Country
Korea
Description
Rebound (2023) ၂၀၁၂ ခုနှစ်ကဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးတင်ဆက်ထားတဲ့ အားကစားရုပ်ရှင် Rebound ထွက်ရှိလာပါပြီ ဇာတ်လမ်းအကျဉ်းကတော့ အလားအလာမရှိဘူးလို့ သတ်မှတ်ခံထားရတဲ့ ဘူဆန်ဂျွန်အန်းအထက်ကျောင်းကိုယ်စားပြု ဘတ်စကတ်ဘောအသင်းဟာ နည်းပြအသစ် Kang Yang-Hyeon ရဲ့ ဦးဆောင်မှုအောက်မှာ ပြောင်းလဲလာခဲ့တဲ့အကြောင်းပါ တစ်ချိန်က ထိပ်တန်းကစားဖြစ်ခဲ့ဖူးသူ Kang Yang-Hyeon ဟာ နည်းပြဖြစ်လာတဲ့အချိန်မှာတော့ သူ့ရဲ့ကစားသမားဘဝအတွေ့အကြုံကို အသုံးချပြီး ဘယ်လိုဗျူဟာတွေနဲ့ အသင်းကိုကိုင်တွယ်သွားမလဲ အောက်ဆုံးမှာရောက်နေတဲ့အသင်းကို National Championship ပွဲစဉ်အထိ ဘယ်လိုများ‌ဆွဲခေါ်သွားမလဲဆိုတာအပြင် ကစားသမားတွေရဲ့ ဘတ်စကတ်ဘောအပေါ်ထားတဲ့ ခံယူချက်တွေ အိပ်မက်တွေကို သေချာကြည့်ရှုခံစားနိုင်မှာဖြစ်လို့ Sports Drama နှစ်သက်ကြတဲ့ ပရိသတ်ကြီးတို့ သဘောကျနှစ်ခြိုက်ကြမှာပါ Casts တွေအနေနဲ့လည်း Fight for My Way ထဲက Ahn Jae-Hong နဲ့ Doctor Romantic S3 ထဲက အဆိုးလေး Lee Shin-Young နဲ့ Secret Romantic Guesthouse ထဲကအချောလေး Jung Gun Joo တို့အပြင် သရုပ်ဆောင်အားလုံးက Basketball ကိုပါ သင်ယူပြီး ရိုက်ကူးထားကြတာဖြစ်လို့ ကြည့်ရှုရတန်မယ့် ဇာတ်ကားတစ်ကားပါပဲ။