Movie Name
Simulant (2023)
Year
2023
Generes
Sci-Fi, Thriller
Code
EN2589
Type
Movie
Size
507 MB
Country
Hollywood
Description
Simulant (2023) AI စက်ရုပ်တွေအကြောင်း ရိုက်ကူးထားတဲ့ Sci-Fi ဇာတ်ကားတစ်ကားကို တင်ဆက်ပေးပါ့မယ်။ ခင်ပွန်းသေဆုံးသွားလို့ ပူဆွေးသောကရောက်နေတဲ့ Faye က သူ့ယောက်ျား Evan နဲ့ ပုံစံတူတဲ့ အသွင်တုစက်ရုပ်တစ်ရုပ်ကို ဖန်တီးခဲ့ပြီးတော့မှ သူ့ယောက်ျားမဟုတ်တဲ့အတွက် စက်ရုပ်ကို ပြန်ပိတ်ချဖို့ စိတ်ကူးနေပါတယ်။ တစ်ဖက်မှာတော့ စက်ရုပ်တွေရဲ့ အခွင့်အရေးအတွက် စက်ရုပ်တွေကို လွတ်မြောက်ဖို့ လုပ်ပေးနေတဲ့ Casey ကို စက်ရုပ်ထိန်းသိမ်းရေးအဖွဲ့ AICE က လိုက်ဖမ်းနေပါတယ်။ AICE အဖွဲ့ က အေးဂျင့် Kessler ကလည်း စက်ရုပ်ရဲ့ပေါ့ဆမှုကြောင့် သူ့ကလေးသေဆုံးရတယ်ဆိုပြီး နာကျင်နေတဲ့သူပါ။ Casey နဲ့ Evan တို့ တွေ့သွားကြပြီး စက်ရုပ်တွေကို လွတ်မြောက်အောင် ဘယ်လိုလုပ်ကြမလဲ၊ အေးဂျင့် Kessler က သူတို့ကို ဖမ်းဆီးနိုင်သွားမှာလားဆိုတာကို ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ပါ။ စက်ရုပ်တွေလည်း လူသားတွေလို ခံစားတတ်တယ်၊ ချစ်တတ်တယ်၊ လူသားတွေနဲ့ အတူနေထိုင်လို့ရတယ်ဆိုတာကို စက်ရုပ်နဲ့ လူသားကြားထဲက အချစ်ဇာတ်လမ်းလေး တစ်ပုဒ်နဲ့လည်း ပုံဖော်ထားပါသေးတယ်။