Movie Name
Circle Line (2023)
Year
2023
Generes
Action, Horror
Code
CN0625
Type
Movie
Size
857 MB
Country
China
Description
စင်္ကာပူရုပ်ရှင်လောကရဲ့ ပထမဆုံးခေတ်သစ်ထူးဆန်းသတ္တဝါကားလို့ဆိုတဲ့ Circle Line ကို တင်ဆက်ပေးလိုက်ပါတယ်။ စင်္ကာပူဒါရိုက်တာJD Chuaရိုက်ကူးထားပြီး ထိုင်ဝမ်ထုတ်လုပ်ရေးကုမ္ပဏီနဲ့ တွဲဖက်ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကိုမိတ်ဆက်ပေးရမယ်ဆိုရင်တော့ -ကားအက်စီးဒင့်အပြင်းအထန်ဖြစ်ခဲ့ပြီး စိတ်ဒဏ်ရာတွေကို ကုသကျော်ဖြတ်နေရတဲ့ သားအမိနှစ်ယောက် -အဖေဟာအလုပ်ထဲမှာပဲနှစ်မြှုပ်ထားပြီး သမီးကိုအချိန်မပေးနဲ့တဲ့ အဖေနဲ့သမီး မြေအောက်အမြန်ရထားတွေဟာအလိုအလျောက်Programနဲ့ပဲထိန်းချုပ်ပြီးသွားကြတာပါ System ဟောင်းမှာချို့ယွင်းချက်တွေဖြစ်လာတဲ့အခါ ရထားကဘူတာ မရောက်ခင်ရပ်သွားတာတွေစတဲ့ချို့ယွင်းချက်တွေဖြစ်လာပါတယ်။ Systemကိုပြန်ပြင်ဖို့ကြိုးစားနေတဲ့အချိန်မှာပဲ ညပိုင်းနောက်ဆုံးရထားတစ်စီးဟာ ချို့ယွင်းချက်ကြောင့် ပုံမှန်ရထားလမ်းကြောင်းကနေသွေဖီပြီး အသုံးမပြုတဲ့ရထားလမ်းထဲကိုရောက်သွားခဲ့ပါတယ်။ အဲဒီအချိန်မှာမြေအောက်ရထားလှိုဏ်ခေါင်းထဲမှာဘယ်လိုအရာကစောင့်ကြိုနေမလဲ…… မြေပြင်ဗဟိုဌာနကရော မြေအောက်ရထားထဲကလူတွေကိုဘယ်လိုကယ်တင်မလဲ…… အန္တရာယ်တွေကြုံလာတဲ့အခါ မိခင်တို့ရဲ့သဘာဝအတိုင်း အမေတစ်ယောက်ဟာ သားတစ်ယောက်ကိုဘယ်လိုကာကွယ်ပေးမလဲဆိုတာကို ဆက်လက်ကြည့်ရှုပြီး စင်္ကာပူရဲ့ပထမဆုံးသောခေတ်သစ်ထူးဆန်းသတ္တဝါကားဟာ ဘယ်လိုအနေအထားရှိမလဲဆိုတာကိုကြည့်ရှုလိုက်ကြပါဦးနော်