Movie Name
Evil Dead (2013)
Year
2013
Generes
Horror
Code
EN2597
Type
Movie
Size
786 MB
Country
Hollywood
Description
Evil Dead 2013 ကို ဆင်ဆာတွေမဖြတ်ထားတဲ့ BluRay Extended Version အသစ်နဲ့တင်ဆက်လိုက်ပါတယ်။ ဇာတ်လမ်းကတော့…. ဒီဇာတ်ကား စစချင်းမှာဆို လူငယ်ငါးယောက်ဟာ တောနက်ထဲက သစ်လုံးအိမ်တစ်ခုကို အကြောင်းကိစ္စတစ်ခုနဲ့အတူ ရောက်လာကြပါတယ်။ ဒါပေမဲ့ သူတို့ဟာ ထိုအိမ်ထဲမှာ အိပ်ပျော်နေတဲ့ မကောင်းတဲ့အရာတစ်ခုကို မထင်မှတ်ဘဲ သွားလှုပ်နိုးမိတဲ့ အခါမှာတော့ အဲ့ဒီမကောင်းဆိုးရွားရဲ့ လက်ကနေ ဘယ်လို အသက်ရှင် ရုန်းကန်လွတ်မြောက်ကြဖို့ ကြိုးစားကြမလဲ ဆိုတာ အရမ်းကို စောင့်ကြည်ချင်စရာ ကောင်းပါတယ်။ အောက်မှာ Review လေးကို ဆက်ဖတ်ကြည့်လိုက် ကြရအောင်ပါ။ **** Evil Dead 2013 ဟာဆိုရင် အရမ်းကို ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းတဲ့ Horror movie တစ်ခုလို့ပြောလာရင် ငြင်းစရာ မရှိပါဘူး။ ဇာတ်လမ်း ဇာတ်ကွက်ကို သေချာထောင့်စိအောင် ပုံဖော် ဖွဲ့စည်းထားတာကိုလဲတွေ့ရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ကြည့်ပြီးတဲ့အချိန်မှာ 1981ခုနှစ်က ထွက်ရှိခဲ့တဲ့ Possession ဆိုတဲ့ ပြင်သစ် drama/ horror ဇာတ်ကားကို ပြေးမြင်မိရလောက်အောင် ပီပီပြင်ပြင်နဲ့ ကြောက်ရွံ့စိတ်လှုပ်ရှားဖို့ ကောင်းတာကိုလဲ တွေ့ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲ စိတ်မသက်မသာ ကြောက်လန့်တုန်လှုပ်ရတဲ့ ဇာတ်လမ်းလို့ပဲဆိုဆို နောက်ဆုံးမိနစ်အပိုင်းအခြားကို ရောက်သည်အထိ တကယ့်ကို သွေးပျက်ထိတ်လန့်ဖွယ်ရာ ပြကွက်တွေနဲ့ သင့်ကို ဇာတ်လမ်းအဆုံးထိ ဆွဲခေါ်သွားမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းဆိုတာ အဆုံးရှိစမြဲဆိုရင်တောင် သင့်အနေနဲ့ နောက်ထပ်အပိုင်းဆက်တွေကို ကြည့်ရဖို့ စိတ်အားထက်သန်နေလိမ့်မယ် ဆိုတာကတော့ အသေအချာပါပဲ။ ဇာတ်လမ်းကို စဖွင့်လိုက်တာနဲ့ အရင်ဆုံး သင့်ကိုဆွဲဆောင်ထားမှာကတော့ ဒီဇာတ်ကားရဲ့ ဇာတ်ဝင် ခန်းတွေမှာ သုံးထားတဲ့ Visual Effects တွေပါပဲ။ သွေးထွက်သံယို ဇာတ်ဝင်ခန်းတွေမှာဆိုရင်လဲ ရုပ်ရှင်ကြည့်နေရတယ်လို့ မထင်မှတ်ရလောက်အောင် သင့်ကို ဆွဲဆောင်ထားနိုင်မှာ ဖြစ်ပါတယ်။ တကယ့် ထိပ်ဆုံးတန်းဝင်တဲ့ ရိုက်ချက်တွေ သတ်ခန်းဖြတ်ခန်းတွေနဲ့ horror ဇာတ်လမ်းတခုလို့တောင် တင်စားလို့ရနိုင်ပါတယ်။ ဇာတ်ဝင်ခန်းတစ်ခုစီရဲ့ တကယ့်အဓိက point တွေအတွက် ဒီဇာတ်ကားမှာ ဘတ်ဂျက်အများကြီးသုံးပြီးဖန်တီးထားတယ်ဆိုတာကိုလည်း settingတွေ ချထားတဲ့ သစ်လူံးအိမ်၊ ဇာတ်ဝင်ခန်းတွေမှာ အသုံးပြုထားတဲ့ ရှေးဟောင်းဓလေ့ထုံးတမ်းနဲ့ဆိုင်တဲ့ ပစ္စည်းတွေကို ကြည့်ရင် သိသာစေနိုင်ပါတယ်။ သေချာတာတခုကတော့ 1981 မှာ ကိုယ်တိုင်ရေးသား ရိုက်ကူးခဲ့တဲ့ Evil Dead ကို အကောင်းဆုံး ပြန်ဖန်တီးတင်ဆက်ထားတဲ့ အနုပညာတခုဆိုတာပါပဲ။ ဒီဇာတ်ကားရဲ့ အသံပိုင်းဆိုင်ရာ audio effect တွေဟာဆိုရင်လည်း သူ့နေရာနဲ့ သူ့ဇာတ်ကွက်နဲ့သူ အပိုအလိုမရှိ တော်တော်လေး တင်ဆက် မှု ကောင်းတာကို တွေ့ရမှာ ဖြစ်ပါတယ်။ Chain saw တခုရဲ့ ခပ်ကြမ်းကြမ်း အသံကနေ စလို့ အသံကြားရုံနဲ့ ဇောချွေးပြန်လာတဲ့အထိ ခြောက်လှန့်နေမယ့် နောက်ခံတီးလူံး၊ မကောင်းဆိုးဝါးတစ်ကောင်ရဲ့ အသံ‌ဗလံတွေ၊ စူးစူးဝါးဝါး အော်ဟစ်လိုက်သံတွေ ဟာ သင့်ရဲ့ကြောက်စိတ်ကို ထုထည်ကြီးကြီးမားမားနဲ့ ဖန်တီး ထိုးဆွနေမှာ ဖြစ်ပါတယ်။ Evil dead ရဲ့ ဇာတ်ဆောင်တွေရဲ့ သရုပ်ဆောင်မှု အရည်အသွေးကတော့ ဒီဇာတ်ကားနဲ့ တော်တော်လေးလိုက်ဖက်ညီပြီး ပြောစရာ မရှိတာကိုတွေ့ရမှာပါ။ ဟာသဇာတ်ဝင်ခန်းတွေဟာ ဒီလိုဇာတ်လမ်းမျိုးနဲ့ မအပ်စပ်သလို တခုကျေးဇူးတင်ဖို့ ကောင်းတာက Evil Dead မှာ ဟာသ အခန်းတွေမပါဝင်လာတာပဲ ဖြစ်ပါတယ်။ တင်စားညွှန်းဆိုပြိး ပြောရမယ်ဆိုရင် သင့်ကို တည်ခင်းဖို့အတွက် အပြင်းထန်အရက်စက်ဆုံး ကြောက်မက်ဖွယ်အကောင်းဆုံး ဇာတ်ကွက်တွေကိုပဲ ဒီဇာတ်ကားက ယူဆောင်လာပေးမှာပါ။ Evil Dead ရဲ့ သရုပ်ဆောင်တွေကို ဘယ်သူက ပိုကောင်း ပါတယ်လို့ ‌နှိုင်းယှဉ်ဖို့ ခက်လောက်အောင်ပဲ တစ်ဦးချင်းစီရဲ့ သရုပ်ဆောင်အရည်အ‌သွေးက ပေါ်လွင်လှပါတယ်။ ဒီဇာတ်ကားထဲက သရုပ်ဆောင်တွေဟာ တစ်ဦးနဲ့ တစ်ဦး တွဲဖက်ညီညီ ပန့်ပိုး သရုပ်ဆောင်သွားတာကိုလဲ သင့်အနေနဲ့ ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ Horror Rating 9/10 အထိရထားတဲ့ မဖြစ်မနေကြည့်ရှုခံစား စီးမျောသင့်တဲ့ ရက်ပေါင်းများစွာအထိ သင့်မြင်ကွင်းထဲမှာ စွဲထင် ခြောက်လှန့်နေမဲ့ Evil Dead (2013) ပဲ ဖြစ်ပါတော့တယ်။