Movie Name
The Mother (2023)
Year
2023
Generes
Action, Thriller
Code
EN2599
Type
Movie
Size
778 MB
Country
Hollywood
Description
The Mother (2023) နက်ဖလစ်နဲ့ ဖန်စီကားလေးတွေမှန်မှန်ရိုက်နေတဲ့ ဂျေလိုတစ်ယောက် ဒီတစ်ခါတော့ အက်ရှင်ကားကိုအတည်ရိုက်လိုက်ပါပြီ။ ဟာသမပါပါဘူး။ အတော်လည်းကောင်းပါတယ်။ ဒါရိုက်တာကတော့ Mulan တို့ Anna with an E တို့ရဲ့ ဒါရိုက်တာ မမကြီး Niki Caro ပါပဲ။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းနာမည် The mother ဆိုတဲ့အတိုင်း ဂျေလိုက ကလေးအမေပါ။ ဇာတ်ကားတစ်ကားလုံးမှာ သူ့နာမည်ကို မပြောသွားပါဘူး။ သူဟာ အာဖဂန်နဲ့အီရန်မှာ စနိုက်ပါအဖြစ် စစ်ဆင်ရေးတွေလုပ်ခဲ့သူဖြစ်ပြီး စစ်တပ်ကထွက်ပြီးနောက်ပိုင်းမှာ ကျူးဘားနဲ့မက္ကဆီကို လူဆိုးဂိုဏ်းတွေနဲ့ ပတ်သတ်ခဲ့ပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ရလာပြီးမှာ သူတို့တွေကို ရဲဆီသတင်းပေးပြီး ဒီလောကထဲကနေ အလွတ်ရုန်းဖို့ ကြိုးစားခဲ့ပေမဲ့ အတိတ်ရဲ့ရန်သူတော်တွေက လျို့ဝှက်ထားတဲ့ သူ့သမီးကို ရန်ပြုလာတဲ့အခါ အမေကလည်း ပုန်းနေရာကနေထွက်လာပြီးတော့ ရန်သူဟောင်းအားလုံးကို ရင်ဆိုင်ရပါတော့တယ်