Movie Name
Seirei Gensouki (2021)
Year
2021
Generes
Action, Animation, Drama, Romance
Code
SAN0088
Type
Series
Size
2.81 GB
Country
Japan
Description
1-12 Completed Review by 𝑍𝒆𝑋𝒇𝑦𝑖𝒂𝑠 Amakawa Haruto ဟာ ငါးနှစ်ကြာပျောက်ဆုံးနေတဲ့ ငယ်သူငယ်ချင်းတစ်ယောက်နဲ့ ပြန်လည်မတွေ့ဆုံခင် သေသွားခဲ့တဲ့ လူငယ်လေးတစ်ယောက်ပါ။ Rio ဆိုတဲ့ကောင်လေးကတော့ ဆင်းရဲသားရပ်ကွက်မှာနေထိုင်ရပြီး ငါးနှစ်အရွယ်မှာ သူ့အမေကို သူ့မျက်စိရှေ့မှာတင်အသတ်ခံလိုက်ရတဲ့အတွက် ကလဲ့စားချေချင်နေသူပါ။ ကမ္ဘာမြေကြီးနှင့် တခြားကမ္ဘာ၊ တန်ဖိုးကော background တွေကောလုံး၀ကွဲပြားနေတဲ့လူနှစ်ယောက်၊ ဘာ‌ကြောင့်မှန်းမသိပေမဲ့ Haruto ရဲ့သေဆုံးမှုနဲ့အတူ ပျောက်ကွယ်သွားရမဲ့ အသိဉာဏ်နဲ့ အကျင့်တွေဟာ Rio ကိုယ်ထဲ၀င်စားရောက်ရှိလာပါတော့တယ်။ နှစ်ယောက်လုံးရဲ့ မှတ်ဉာဏ်နဲ့ အကျင့်တွေရှုပ်ထွေးနေတဲ့ အဆုံးမှာတော့ Rio တစ်ယောက်ကမ္ဘာသစ်ကြီးမှာနေထိုင်ဖို့အတွက် ဆုံးဖြတ်လိုက်ပါတော့တယ်။ Haruto ရဲ့မှတ်ဉာဏ်တွေနဲ့အတူ Rio ဟာ မသိရသေးတဲ့ "အထူး အစွမ်း" တစ်မျိုးကိုရရှိသွားပြီး အဲ့တာကိုသာကောင်းကောင်းအသုံးချနိုင်မယ်ဆိုရင် ပိုကောင်းတဲ့ဘ၀မှာနေရမဲ့ပုံပါ၊ ဒါပေမဲ့ အဲ့တာမတိုင်ခင် Rio နေထိုင်တဲ့ Bertram Kingdom (Bertram ဘုရင်နိုင်ငံ) ရဲ့မင်းသမီးတစ်ပါးကိုပြန်ပေးဆွဲမှုနဲ့ ကြုံခဲ့ရပါတယ်၊ မင်းသမီးကိုကယ်ပေးပြီးနောက်မှာတော့ Rio ဟာ Royal Academy(တော်၀င်/မင်းမျိုးမင်းနွယ် ကျောင်းတော်) ရဲ့ scholarship ပေးခံရပါတယ်၊ ဒီလိုအထက်တန်းလွှာတွေရဲ့ကျောင်းမှာ မိဘမဲ့ဆင်းရဲသားတစ်ယောက်ဖြစ်ရတာက စက်ဆုပ်မုန်းတီးဖွယ်ကောင်းတဲ့ နေရာအဖြစ်ရောက်ရှိစေပါတော့တယ်။