Movie Name
Petra Naruemit (ကြမ္မာရေးတဲ့ရွှေဖူးစာ) (2023)
Year
2023
Generes
Drama, Historical, Romance
Code
ST0763
Type
Series
Size
12 GB
Country
Thai
Description
“ချစ်ခြင်းဖန်ဆင်းသောလှေ” မြန်မာစာတန်းထိုး ခွန်လုန်ရာတ်ချ်မွန်တရီ/နုပ် အဖြစ် Mike Pattaradet ခေမိအွန် အဖိရတ်ဂ်ထာရာကွမ်/ခရင်မ် အဖြစ် Mookda Narinrak ဇာတ်လမ်းအကျဉ်း ခရင်မ်က လှပထက်မြက်သွက်လက်တဲ့ သတင်းထောက်မလေးတစ်ယောက်ဖြစ်သလို ရည်ရွယ်သူ ထွတ်စဖွန်ဆိုတဲ့ ကောင်လေးလည်းရှိနေခဲ့ပြီး အရာရာပြည့်စုံသူတစ်ယောက်ပေါ့ တစ်ရက် ခရင်မ်တစ်ယောက် ထူးဆန်းလှပတဲ့လှေငယ်လေးတစ်ခုလက်ဆောင်ရခဲ့ပြီး ထူးဆန်းတဲ့အိပ်မက်တွေ မက်လာခဲ့တယ် ထိုင်းရိုးရာအိမ်တစ်ခုနဲ့ အမျိုးသားတစ်ယောက်ကို မက်လာခဲ့တာမို့ သိလိုစိတ်ပြင်းပြတဲ့ခရင်မ်တစ်ယောက် အိပ်မက်ထဲက ရိုးရာအိမ်ကိုလိုက်ရှာပါတော့တယ် ခွန်နုပ်ကတော့ လွန်ခဲ့တဲ့နှစ်နှစ်ရာလောက်မှာ နေထိုင်နေတဲ့ ဂုဏ်သရေရှိအရာရှိတစ်ယောက်ဖြစ်ပြီး စေ့စပ်ထားသူ မယ့်ဘိုဆိုတဲ့အမျိုးသမီးလေးရှိနေသူတစ်ယောက်ပါ မယ့်ဘိုကို စိတ်မဝင်စားတဲ့ နုပ်တစ်ယောက် ဖူးစာရှင်ခေါ်တဲ့ ဖေတရာနိရမစ်ဂါထာကိုရွတ်ဆိုကြည့်ချိန် ဒီဘက်ခေတ်ရဲ့ ခရင်မ်တစ်ယောက်ကလည်း သူမကို မယ့်အွန်ဆိုပြီးအကောက်ကြံသတ်ဖြတ်သူလက်ကရှောင်ရှားနေရင်း လွန်ခဲ့တဲ့နှစ်၂၀၀က ခွန်နုပ်ရှေ့ရောက်လာခဲ့ပါတော့တယ် ဘယ်မိန်းကလေးကိုမှစိတ်မဝင်စားခဲ့တဲ့ နုပ်တစ်ယောက် ခရင်မ့်ကို စိတ်ညွတ်လာတဲ့အခါမှာတော့ မယ့်ဘိုက သူမတို့အချစ်ကြားက တတိယလူလို့ ခရင်မ့်ကိုမြင်ကာ အမုန်းကြီးမုန်းခဲ့ပါတော့တယ် ခေတ်မတူ ဘဝမတူကြတဲ့အ​ပြင် ဆိုင်သူရှိနေပြီးသား ခွန်နုပ်နဲ့ ခရင်မ်တို့ကြား ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ စောင့်မျှော် ကြည့်ရှုကြရအောင်