-
Movie Name
-
The Kangaroo Conspiracy (2022)
-
Year
-
2022
-
Generes
-
Comedy
-
Code
-
EN2605
-
Type
-
Movie
-
Size
-
800 MB
-
Country
-
Hollywood
-
Description
-
The Kangaroo Conspiracy (2022)
========================
IMDb Rating – 5.9/10
အခုလို ပူလောင်နေရတဲ့အချိန်မှာ ညစ်ညမ်းဟာသမပါတဲ့ အဖြူရောင်
ပြက်လုံးလေးတွေကို တောင့်တနေတယ်ဆိုရင်တော့ ဒီကားကို လုံးဝ
recommend ပေးချင်ပါတယ်။ နာမည်ကျော်ပုဂ္ဂိုလ်တွေရဲ့ အဆိုတွေ၊
နိုင်ငံတကာပြက်လုံးတွေနဲ့ မြူးမြူးသွက်သွက်လေး တင်ဆက်ပေးထား
တာကြောင့် ကမ္ဘာ့နိုင်ငံရေးအခြေအနေတွေကို အတော်အသင့်သိရှိနေတဲ့
သူတွေဆိုရင် တွေးတွေးပြီးကိုရယ်ရစေမဲ့ကားမျိုးပါပဲ။
ဇာတ်လမ်းအညွှန်း
______________
မာ့အူဝယ် နဲ့ ဇာတ်လိုက်ကျော် သားပိုက်ကောင်တို့က တိုက်ခန်းတစ်ခု
တည်းမှာ အတူနေထိုင်ကြတဲ့ ရန်ဖြစ်ပြန်ချစ်ညီအစ်ကိုတွေပါ။ အူဝယ်က
ဘေးအခန်းမှာနေတဲ့ မာရီယာဆိုတဲ့ တစ်ခုလပ်မလေးကို ကြိတ်ကြွေနေ
တာဖြစ်ပြီး နီးစပ်ခွင့်ရဖို့ အသည်းအသန်ကြိုးစားနေတဲ့သူပေါ့။ ဒါပေမဲ့
သူတို့နှစ်ယောက် ဒိတ်ကြည့်တဲ့အခါမှာ သားပိုက်ကောင်ကြောင့် ကမောက်
ကမတွေ ဖြစ်ခဲ့ရပြီး ရှေ့ဆက်လို့မရဖြစ်သွားခဲ့တယ်။
အဲဒီအချိန်မှာပဲ မာရီယာရဲ့ ခင်ပွန်းဟောင်း ဂျိုးကလည်း ထောင်ကလွတ်
လာပြီး သူ့ဆီပြန်ချဉ်းကပ်လာပြန်ပါတယ်။ ဒီလိုနဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့
အလောင်းအစားတစ်ခု ပေါ်လာပြီး ဒီဇာတ်လမ်းကြီး စတင်ဖို့ အကြောင်း
ဖန်လာပါတော့တယ်။ မာရီယာ့ရဲ့ အမေဖြစ်သူ လစ်စဘက်ကို “ရာသီဥတု
ပြောင်းလဲမှုဆိုတာ တကယ်မရှိဘူး”လို့ သူယုံကြည်နေတဲ့အရာကနေ အစွဲ
လွတ်သွားအောင် လုပ်ပေးနိုင်ရင် သူတို့နှစ်ယောက် ထပ်ဒိတ်လို့ရမှာဖြစ်ပြီး
ရှုံးခဲ့ရင်တော့ အူဝယ်တို့နေတဲ့ တိုက်ခန်းကို မာရီယာ့ဆီ ပေးလိုက်ရမှာပါ။
ဒီတော့ လစ်စဘက်ကို အစွဲကျွတ်အောင် ချွတ်ပေးနိုင်မလား၊ အူဝယ်နဲ့ မာရီ
ယာပဲ ပြန်အဆင်ပြေသွားမလား၊ ဒါမှမဟုတ် ဂျိုးနဲ့ပဲ ဇာတ်ပေါင်းထုပ်သွား
မလား ဆိုတာကိုတော့ သားပိုက်ကောင်ရဲ့ ရှုပ်ထွေးပွေလီခရီးစဉ်ကနေ ရယ်
စရာလေးတွေနဲ့အတူ ပြောပြပေးသွားပါလိမ့်မယ်။