Movie Name
Air (2023)
Year
2023
Generes
Drama, Sport
Code
EN2608
Type
Movie
Size
766 MB
Country
Hollywood
Description
Air (2023) ========== IMDb Rating – 7.6/10 Good Will Hunting ရုပ်ရှင်ကြီးတုန်းကလိုပဲ ဘန်အက်ဖလက်နဲ့ မက်ဒေမွန်တို့အတွဲညီညီနဲ့ ရုပ်ရှင်ကောင်းတစ်ခုဖန်တီးလိုက်ပြန်ပါပြီ။ ဒါရိုက်တာကလည်း ဘန် အက်ဖလက်ပါပဲ။ Ozark စီးရီးရဲ့ မင်းသား ကြီး ဂျေဆန်ဘိတ်မန်းလည်း အားဖြည့်ပေးထားပါသေးတယ်။ IMDb 7.6 အထိ ရထားတာမို့ ကားကောင်းဆိုတာ သိသာမှာပါ။ ဒီရုပ်ရှင်ဟာ သမိုင်းတလျှောက်အကောင်းဆုံး ဘတ်စကတ်ဘောသမား မိုက်ကယ်ဂျော်ဒန်နဲ့ နိုက်ကီကုမ္ပဏီတို့ ပထမဆုံး စာချုပ်ချုပ်ခဲ့တဲ့ သမိုင်း ဝင် Air Jordan ဖိနပ် သဘောတူညီချက်အပေါ် အခြေခံပြီးရိုက်ကူးထား တာဖြစ်ပါတယ်။ အဲဂျော်ဒန်ဝမ်း စနိကာဖိနပ်ဟာ သမိုင်းတလျှောက် လူကြိုက်အများဆုံးစာရင်းဝင်ဖိနပ်ပဲဖြစ်ပါတယ်။ မိုက်ကယ်ဂျော်ဒန် ရု ပ်ရှင်ထဲမှာမပါဝင်ခဲ့ပေမဲ့ ဘန်အက်ဖလက်ဟာ မိုက်ကယ်နဲ့ အကြိမ်ကြိမ် တိုင်ပင်ခဲ့ပြီး အသေးစိတ်ရိုက်ကူးခဲ့တာပါ။ မိုက်ကယ်ဂျော်ဒန်ဟာ ဒီရုပ်ရှင်အတွက် နှစ်ခုပဲ ပြန်တောင်းဆိုပါတယ်။ သူ့အမေနေရာမှာ Viola Davis ကိုသရုပ်ဆောင်စေဖို့နဲ့ သူ့ရဲ့မိတ်ဆွေ ကောင်းကြီး ဟောင်းဝဒ်ဝိုက်အကြောင်းကိုပါ ထည့်သွားပေးဖို့ပါပဲ။ ဘန်အက်ဖလက်ကလည်း သူ့ရဲ့ဘော်ဒါကြီးဖြစ်တဲ့ ခရစ်တက်ကာ (Rush Hour ထဲကမင်းသား) ကို ဟောင်းဝဒ်အဖြစ်ထည့်သွင်းခဲ့ပါတယ်။ ဒီရုပ်ရှင်ကိုလည်း အမေဇုံက အွန်လိုင်းကနေပဲ ပြဖို့ ရည်ရွယ်ရိုက်ကူးခဲ့ပေမဲ့ အကြိုပွဲတွေမှာ လူကြိုက်များလွန်းလို့ ရုံတင်ဖြစ်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း နိုက်ကီကုမ္ပဏီဟာ ဘတ်စကတ်ဘောအားကစားလောကမှာ မာကတ် တင်းအတွက် ကစားသမားကောင်းတွေမရှာနိုင်လို့ အက်ဒီးဒက်စ် တို့ ကွန်ဗာ့စ်တို့ကို မယှဉ်နိုင်တော့ဘဲ နောက်ဆုတ်ထွက်ခွာရမယ့်အခြေအ နေဖြစ်နေပါပြီ။ နိုက်ကီရဲ့ စီအီးအို ဖေးလ် (ဘန်) ဟာ သူ့ရဲ့ ဘတ်စကတ် ဘောဌာနအတိုင်ပင်ခံ ဆန်နီ(မက်ဒေမွန်) ကို ဒေါ်လာ ၂ သိန်းခွဲသုံးပြီး ဘတ်စကတ်ဘောကစားသမား ၃ ယောက်နဲ့ စာချုပ်ချုပ်ဖို့ရှာခိုင်းပေမဲ့ ဆန်နီကတော့ ဒေါ်လာ ၂ သိန်းခွဲလုံးကို အထက်တန်းကျောင်းချန်ပီယံ သစ်၊ NBA ကို စပြီးခြေချေတော့မယ့် မိုက်ကယ်ဂျော်ဒန်အပေါ်မှာပဲ ပုံအောဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒါပေမဲ့ မိုက်ကယ်ဂျော်ဒန်ကလည်း အက်ဒီးဒက်စ် ပရိသတ်ဖြစ်နေပြီး ဖိနပ်စာချုပ်အတွက် အက်ဒီးဒက်စ်ကိုပဲ သွားဖို့အားသန်နေပါတယ်။ ဒါကို နိုက်ကီအဖွဲ့ကဘယ်လိုအိုက်ဒီယာတွေ၊ ဘယ်လိုသမိုင်းဝင်သ ဘောတူညီချက်တွေနဲ့ ဆွဲဆောင်ခဲ့လဲဆိုတာ ဒီရုပ်ရှင်မှာ စိတ်ဝင်စား စရာ မြင်ရမှာပါ။ ဘိုင်အိုဂရပ်ဖီ၊ ဒရာမာ၊ အားကစား၊ စီးပွားရေးရုပ် ရှင်အမျိုးအစားကြိုက်တတ်သူတွေ၊ ရုပ်ရှင်ကောင်းကြိုက်တတ်သူတွေ အချိန်ပေးရတာတန်မယ့် ရုပ်ရှင်ဖြစ်ပါကြောင်း…..