Movie Name
Paint (2023)
Year
2023
Generes
Comedy, Drama
Code
EN2611
Type
Movie
Size
669 MB
Country
Hollywood
Description
Paint (2023) ကြည့်ဖူးသမျှထဲက အကောင်းဆုံးဆိုတဲ့ရုပ်ရှင်တွေကိုချည်း စာရင်းလုပ်လိုက်တယ်ထား။ ၂၀၀ ၃၀၀လောက်ရတယ်ထားဦး။ အဲဒီထဲက ၁၀၀ကိုပြန်ရွေးလိုက်တယ်ထား။ ရွေးလို့ရချင်မှလည်းရမှာပေမဲ့ ရွေးလိုက်တယ်ပဲထားပါတော့။ ဓမ္မဓိဋ္ဌာန်ကျကျနဲ့ အဲဒီ ၁၀၀ကို ဘယ်ကားကတော့ ဘယ်ကားထက်ပိုကောင်းပါတယ်ဆိုပြီး ၁ကနေ၁၀၀ထိ စာရင်းလုပ်ဖို့က မဖြစ်နိုင်ဘူး။ ဒီ၁၀၀ဟာ ကြည့်ဖူးသမျှထဲက အကောင်းဆုံးကားတွေကိုရွေးထားတာဆိုတော့ ဒါရိုက်တာကောင်းတွေချည်းပါနေမှာလည်း သေချာတယ်။ အဲဒီဒါရိုက်တာအားလုံးကို ဘယ်ဒါရိုက်တာက ဘယ်ဒါရိုက်တာထက် ပိုတော်ပါတယ်လို့ သွားအကဲဖြတ်ဖို့တော့ မဖြစ်နိုင်ဘူး။ သူ့နည်းသူ့ဟန်နဲ့တော့ အကုန်လုံးမာစတာတွေချည်း ဖြစ်နေမှာပဲ။ ဒီတော့ ရုပ်ရှင်တွေကို ဘယ်ကားကတော့ ညံ့တယ်လို့ပြောလို့အဆင်ပြေပေမဲ့ ဘယ်ကားကတော့ အကောင်းဆုံးပါလို့ ပြောဖို့တော့ မဖြစ်နိုင်ဘူး။ ရွေးချင်သပဆို ကျွန်တော်တို့ရွေးလို့ရတာက ကိုယ့်ပုဂ္ဂလိကအကြိုက်ဆုံးရုပ်ရှင်ကိုတော့ ရွေးလို့ရမယ်။ ဒါပေမဲ့ တကယ့်အကြိုက်ဆုံးရုပ်ရှင်ကတော့ သိပ်ကောင်းတဲ့ကားတောင် ဟုတ်ချင်မှဟုတ်မယ်။ လူတစ်ယောက်ချင်းစီအပေါ်ပဲ မူတည်နေလိမ့်မယ်။ သူ့ကိုရောင်ပြန်ဟပ်တဲ့ကားတော့ဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်။ မဟုတ်လည်း သူ့စိတ်ဝင်စားမှုကို ရောင်ပြန်ဟပ်တဲ့ကားမျိုးပေါ့။ တစ်ချို့ကျလည်း ကားတစ်ကားရယ်မဟုတ်ဘဲ ကားအမျိုးအစားနဲ့ ကြိုက်ကြတာလည်း ရှိတာပဲ။ တစ်ချို့ဆို သရဲကားချည်းကြိုက်ကြတာလည်းရှိတာပဲ။ Art House ကားချည်း ကြိုက်ကြတာလည်းရှိတာပဲ။ Family drama ချည်းကြိုက်ကြတာလည်းရှိသလို ရိုးရိုးဒရာမာချည်းကြိုက်ကြတာလည်းရှိတာပဲ။ ကျွန်တော့်အသိတစ်ချို့ကျလည်း သူတို့ကိုယ်တိုင်ကိုက အနုပညာကိုချစ်တဲ့လူတွေဆိုတော့ အနုပညာသမားတွေအကြောင်း ရိုက်ထားတဲ့ကားတွေကို ကြိုက်တတ်ကြတယ်။ ဒီလိုကိုယ်ကြိုက်တတ်တဲ့ အမျိုးအစားထဲက အကောင်းဆုံးကားကနေလည်း ကိုယ့်အကြိုက်ဆုံးကား ထွက်လာတတ်တယ်။ မဆီမဆိုင် ဒါတွေ ဘာလို့ပြောနေတာလဲဆို ဒီကားက သိပ်ကောင်းတဲ့ကားမျိုးလည်းမဟုတ်ဘူး။ ကြည့်ပျော်နေတဲ့ကားမျိုးလည်းမဟုတ်ပြန်ဘူး။ ဒီကားကို ကြည့်လို့အရမ်းကြီးမကြိုက်ရင်တောင် ချစ်တော့ချစ်မိမယ့် လူတန်းစားမျိုးက သီးသန့်ရှိတယ်။ အစောကပြောခဲ့သလို အနုပညာသမားတွေအကြောင်း ရိုက်ထားတာကို ကြိုက်တတ်တဲ့လူတွေပေါ့။ တခြားလူတွေကြည့်ရင်တော့ လလေးလုံးကားလို့ ဆဲကောင်းဆဲလောက်တယ်။ ဆဲလည်း ဆဲချင်စရာကောင်းတာပဲ။ ဒါပေမဲ့ တစ်ကားလုံးကြည့်လိုက်ရင်တော့ ဆိုခဲ့တဲ့ ကားအမျိုးအစားကိုမှ ကြိုက်တတ်တဲ့လူတွေအတွက် သဘောကျချင်စရာကောင်းတဲ့ အချက်လေးတွေ တွေ့လာလိမ့်မယ်။ အနုပညာသမားတွေနဲ့ လူတွေကြားက အခြေအနေတွေကို သရော်ထားတာတွေကို သဘောကျကောင်းကျမိမယ်။ ဒီကားရဲ့ဇာတ်ကိုကလည်း တကယ်ရှိခဲ့တဲ့ BoB Ross လို့ခေါ်တဲ့ ပန်းချီဆရာကို အခြေခံပြီး စိတ်ကူးယဉ်ဇာတ်ကောင်နဲ့အစားထိုးဖန်တီးထားတာပဲ။ မင်းသားက Owen Wilson။ ကျွန်တော်တော့ ဒီကားကိုသဘောကျတဲ့အချက်ထဲ သူပါတယ်။ ကျွန်တော့်တစ်သက်တာမှာ အကြိုက်ဆုံးရုပ်ရှင်က Midnight In Paris ဖြစ်နေတဲ့နောက် အဲဒီထဲကအဓိကဇာတ်ကောင် Owen Wilson ရဲ့ ဒီလိုကာရိုက်တာမျိုးကို မြင်ရတာက တော်တော်လေး အဆာပြေတယ်ပြောရမှာပဲ။ Midnight In Parisလို ကားကောင်းမျိုးတော့မဟုတ်ပေမဲ့ Midnight In Paris ကိုကြိုက်တဲ့လူတွေတော့ အိုဝင့်ကို Artist တစ်ယောက်အနေနဲ့ ပုံဖော်ထားတဲ့ ဒီကားကို သဘောကျလောက်တယ်။ ဘာနေနေပါ သရဲကားတွေ ဟော်ရာကားတွေ မကြိုက်တတ်တဲ့လူတွေရှိကြသလို ဒီလိုကားမျိုးတွေကို မကြိုက်တဲ့လူတွေလည်းရှိတာပါပဲ။ ဒီတော့ ဒီရုပ်ရှင်ဟာ အဲဒီလိုလူတွေအတွက်မဟုတ်ပါဘူး။ ဒီရုပ်ရှင်ဟာ ဒီလိုရုပ်ရှင်တွေကို ကြိုက်တတ်တဲ့လူတွေအတွက်ပါပဲ။