Movie Name
The Best Is Yet To Come (2023)
Year
2023
Generes
Drama
Code
CN0628
Type
Movie
Size
1.64 GB
Country
China
Description
မိမိကြိုးစား‌‌လျှောက်လှမ်းသလောက် ပန်းတိုင်ကိုမရောက်သေးရင် လမ်းခရီးဟာအဆုံးမဟုတ်သေးလို့ပါတဲ့” ဒီလိုပါပဲ… ဒီ”အဆုံးမဲ့ပန်းတိုင်”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားလေးမှာတော့…. ဘဝရေးပြဿနာတွေကြောင့် ပိုက်ဆံချို့ယွင်းပြီး အထက်တန်းမှာတင်ကျောင်းနားလိုက်ရတဲ့-ဟန်သုန်းဟာ ပေကျင်းကိုသူ့ကောင်မလေးရှောင်ကျူးနဲ့အတူ တက်လာပြီး အလုပ်ရှာပါတော့တယ်။ အဲ့အချိန်က တရုတ်နိုင်ငံကြီးဖွံ့ဖြိုးတိုးတက်ဆဲ 2003ခုနှစ်လောက်မှာပေါ့၊ ပညာအရည်အချင်းအပြင်အဆက်သွယ်ကောင်းရှိမှ လူရာဝင်မဲ့ခေတ်မှာ ဟန်သုန်းတစ်ယောက် နှစ်ဝက်ကြာတာတောင် အလုပ်ရှာမရဖြစ်နေဆဲပါပဲ။ တစ်ချိန်တည်းမှာပဲ ဟန်သုန်းဟာ ခန္ဓာကိုယ်လုံးပန်းနေပေမဲ့ စိတ်ကတော့ခိုင်မာဆဲဖြစ်နေခဲ့တယ် ၊ဒီလိုနဲ့ သတင်းစာဌာနတစ်ခုကိုပန်းတိုင်အဖြစ်ထားလိုက်တဲ့အခါ… ∆လူ့အသိုင်းဝိုင်းရဲ့မျက်နှာသာပေးမှုနဲ့လောကဓံက သူ့အပေါ်မှာ ဘယ်လိုရေလှိုင်းအသွင်နဲ့ တိုက်စားသွားမလဲ? ကြိုးစားတိုင်းအောင်မြင်မှာမသေချာပေမဲ့ မကြိုးစားရင် ဘာမှမရလာမှာ‌ေတာ့‌ေသချာတဲ့သဘောတရားကို သူနားလည်သွားပြီး တစ်ခြားသူ့လိုဒုက္ခရောက်နေသူတွေကရော နားလည်လက်ခံနိုင်ပါ့မလားဆိုတာ.စောင့်မျှော်ကြည့်ရှုလိုက်ရအောင်ပါ။