Movie Name
House Of Inequity (2023)
Year
2023
Generes
Horror
Code
EN2624
Type
Movie
Size
807 MB
Country
Hollywood
Description
အကြောက်တရားဆိုတာ ကိုယ့်ရဲ့ရန်သူပါပဲတဲ့။ ဒါဆိုရင် အကြောက်တရားဆိုတဲ့အရာကဘာများပါလဲ။ လောကကြီးထဲမှာ ကြောက်စရာအကောင်းဆုံးအရာတွေထဲမှာ အကြောက်တရားလည်းအပါအ၀င်ဖြစ်ပါတယ်။ ဘာလို့ဆို အကြောက်တရားက လူတွေရဲ့စိတ်ကိုသာမက ရုပ်ပိုင်းဆိုင်ရာအထိပါထိန်းချုပ်နိုင်စွမ်းရှိလို့ပါ။ လူတိုင်းမှာ အကြောက်တရားကိုယ်စီရှိကြတာပါပဲ။ ဒီအကြောက်တရားကိုရင်ဆိုင်မလား အရှုံးနိမ့်ခံမလားကတော့ ကိုယ်ကိုယ်တိုင်ရဲ့ရွေးချယ်မှုပါ။ ဒီဇာတ်ကားလေးထဲမှာဆိုရင် အင်တာနက်မှာ ခေတ်စားနေတဲ့အိမ်အိုကြီးဆီ ခရီးထွက်လာတဲ့သူငယ်ချင်းတစ်စုကိုမြင်ရမှာဖြစ်ပါတယ်။ အစက ဓါတ်ပုံရိုက်ဖို့အတွက်သာဆိုပေမဲ့ အိမ်ထဲ၀င်စပ်စုကြရင်း ‌ညမှောင်သွားတဲ့အခါ ဘယ်လိုအကြောက်တရားတွေကို ရင်ဆိုင်တွေ့ရမလဲဆိုတာကို စိတ်၀င်စားဖွယ်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ သာမန်horrorဇာတ်ကားတွေလို ခေါက်ရိုးကျိုးဇာတ်လမ်းဖြစ်ပေမဲ့ ကိုယ်ကိုယ်တိုင်ရဲ့ကြောက်စိတ်နဲ့နှိုင်းယှဉ်ရင်း အတွေးများစေတဲ့ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။