Movie Name
The Ritual [2017]
Year
2017
Generes
Horror
Code
EN2627
Type
Movie
Size
756 MB
Country
Hollywood
Description
ကောလိပ်ကတည်းကတွဲခဲ့ကြတဲ့ သူငယ်ချင်းငါးယောက်ပြန်ဆုံကြတဲ့အခါ ခရီးထွက်ဖို့တိုင်ပင်ကြတယ်။ ခရီးတွေကတစ်ယောက်တစ်မျိုးစီသွားချင်တဲ့နေရာတွေကမတူကြတော့ တိုင်ပင်ရင်းဘားကပြန်အလာ လမ်းမှာ သူငယ်ချင်းတစ်ယောက်က မတော်တဆအသတ်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။ ဒီလိုနဲ့နောက်ထပ်ခြောက်လအကြာမှာ ကျန်တဲ့သူငယ်ချင်းလေးယောက်ဟာ သေဆုံးသွားတဲ့သူငယ်ချင်းရဲ့ဆန္ဒကိုဖြည့်ဆီးပေးတဲ့အနေနဲ့ သူသွားချင်တဲ့ တောင်တက်ခရီးကို သွားပေးခဲ့ကြတယ်။ သူတို့တောင်တက်ခရီးသွားကြတဲ့နေရာဟာ ဆွီဒင်နဲ့နော်ဝေနိုင်ငံကြားက လူသူအရောက်အပေါက်နည်းတဲ့တောင်ကုန်းတွေ သစ်တောတွေဘက်ဖြစ်တယ်။ သူငယ်ချင်းလေးယောက်ဟာ အဲ့ဒီနေရာမှာ ခြေလျင်တောင်တက်ကြရင်း သူငယ်ချင်းတစ်ယောက်ခြေခေါက်သွားတဲ့အတွက် တည်းခိုတဲ့နေရာကို အမြန်ပြန်ရောက်နိုင်ဖို့ ဖြတ်လမ်းကနေသွားဖို့ကြိုးစားကြပါတော့တယ်။ အဲ့ဒီဖြတ်လမ်းဟာ နေပျောက်ထိုးမကျတဲ့ တောအုပ်ကိုဖြတ်သွားရပါတယ်။ တောအုပ်ထဲကအမှောင်ထုထဲမှာ ဘယ်လိုထူးဆန်းအံ့သြပြီး ထိတ်လန့်ခြောက်ခြားဖွယ်ရာတွေရှိနေမလဲ….? ဆိုတာကို ပရိတ်သတ်ကြီးပဲ ကိုယ်တိုင်ကြည့်ရှုခြောက်ခြားတော်မူလိုက်ကြပါဦး။ ဒီကားဟာ ၂၀၁၇မှာ British Independent Film Awards ကနေပေးတဲ့ Best Effect ဆုနဲ့ Catalonian International Film Festival ရဲ့ Best Actor ဆုကိုရရှိထားပါတယ်။ ဒါရိုက်တာကတော့ David Bruckner ဖြစ်ပြီး သရုပ်ဆောင်တွေကတော့ Refe Spall, Arsher Ali, Robert James-Collier, Sam Troughton နဲ့ Paul Reid တို့ပဲဖြစ်ကြပါတယ်။