-
Movie Name
-
Sweetwater (2023)
-
Year
-
2023
-
Generes
-
Biography, Drama, Sport
-
Code
-
EN2629
-
Type
-
Movie
-
Size
-
1 GB
-
Country
-
Hollywood
-
Description
-
Sweetwater (2023)
ဒီဇာတ်ကားက NBA သမိုင်းမှာ ပထမဆုံးစာချုပ်ချုပ်ဆိုနိုင်ခဲ့တဲ့
လူမည်းကစားသမား ဆွိဝါးတားကလစ်ဖ်တန်ရဲ့ ကိုယ်ရေးရာဇဝင် ရုပ်ရှင်ဖြစ်ပါတယ်
Biography movie ဆိုပေမဲ့ ဇာတ်ကားဆိုတော့ ဒရာမာလေးတွေ လိုတိုးပိုလျှော့လေးတွေတော့ရှိပါတယ်
အမေရိကန် ဘတ်စကတ်ဘောလောကမှာ လီဘရွန်ဂျိမ်းတို့ မိုက်ကယ်ဂျော်ဒန်တို့လို လူမည်းဂန္ထဝင် ကစားသမားတွေ အများကြီး ရှိပါတယ်
ဒါပေမဲ့ သူတို့လို လူမည်းဂန္ဒဝင်တွေဖြစ်လာဖို့ ပထမဆုံးလူမည်းပရိုစာချုပ်ကို ဆွိဝါးတားက စပြီးချုပ်ဆိုခဲ့တာပါ
သူဒီလို NBA မှာ ပထမဆုံးပွဲတစ်ပွဲဆော့ရဖို့အတွက် လူဖြူတွေပဲဆော့ခွင့်ရှိသလိုဖြစ်နေတဲ့
NBA လိဂ်မှာ ဆွိဝါးတားပါခွင့်ရအောင် ဘယ်လိုကြိုးစားခဲ့ရတယ်
နည်းပြတွေ ပိုင်ရှင်တွေကအစ လူတိုင်းနဲ့အတိုက်အခံဘယ်လိုလုပ်ခဲ့ရတယ်ဆိုတဲ့
သူတို့ရဲ့အခက်အခဲတွေ သမိုင်းသစ်ရေးထိုးနိုင်ခဲ့တာတွေကို ကြည့်ရမှာဖြစ်ပါတယ်
ဘတ်စကတ်ဘောအားကစားကိုသဘောကျတဲ့သူတိုင်း ကြည့်ရှုသင့်တဲ့ကားဖြစ်သလို
ယခုခေတ်မှသာ လူမည်းတွေကို နေရာအကြီးအကျယ်ဇွတ်ပေးနေပေမဲ့
တစ်ချိန်တုန်းကတော့ ဥပဒေထုတ်ပြီးကျွန်စနစ်ပယ်ဖျက်ပြီးတာတောင်
လူမည်းတွေကို ပိုးစိုးပက်စက်ခွဲခြားတာတွေကိုလည်း တစ်စေ့တစ်စောင်းကြည့်ရမှာ ဖြစ်ပြီး
ဆွိဝါးတားရဲ့ ရိုးရိုးသားသားနဲ့ ကြိုးစားပြီးတော့ လူမည်းတွေအားလုံးအတွက်
သမိုင်းသစ်ရေးထိုးပေးခဲ့ပုံကို ကြည့်ရှုနိုင်ဖို့ အတွက် တင်ဆက်ပေးလိုက်ပါတယ်