Movie Name
The Legend Of Dancing Prince (ဒဏ္ဍာရီထဲကချစ်တေးကဗျာ) (2013)
Year
2013
Generes
Drama, Historical
Code
SC0634
Type
Series
Size
22.9 GB
Country
China
Description
1-42 Completed ခန်းနားကြီးကျယ်လွန်းလှတဲ့ ယဥ်ကျေးမှု အမွေအနှစ်တွေရဲ့ နောက်ကွယ်မှာ ဘယ်သူမှ မသိနိုင်တဲ့ ကြီးမားလှတဲ့ ဇာတ်လမ်း ဇာတ်ကွက်တွေကတော့ ရှိစမြဲပါပဲ” ပျူနိုင်ငံတော်(ရှေးခေတ်မြန်မာနိုင်ငံတော်) ရဲ့ ဘုရင်ဟာ ပျူမင်းသား သုနန္ဒ ဦးဆောင်တဲ့ ပျူနိုင်ငံတေးဂီတအဖွဲ့ကို စေလွှတ်ပြီး ပြည်သရေခေတ္တရာမြို့တော်မှတစ်ဆင့် ချန်အန်းမှာရှိတဲ့ ထန်မင်းဆက်နန်းတော်ကို ဖျော်ဖြေစေဖို့ စေလွှတ်ခဲ့ပါတယ် စေလွှတ်ရခြင်းရဲ့ အကြောင်းပြချက်ကတော့ ထန်မင်းဆက်နဲ့ ဆက်ဆံရေး အဒွန့်ရှည်စေဖို့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အပြန်အလှန် ကူညီနိုင်စေဖို့ အတွက်ပါ သုနန္ဒဒီတာဝန်ကို ထမ်းရွက်နေစဥ်အတွင်းမှာ ခရီးစဥ်က ဖျောင့်ဖြူးခြင်းမရှိခဲ့ပါဘူး သုနန္ဒ မင်းနေပြည်တော်ကနေပြီး ထွက်သွားတာကို အခွင့်အကောင်းယူကာ ပျူနိုင်ငံတော်ရဲ့ စစ်သူကြီးဖြစ်သူ ကျားလော်နက အရှင်မင်းကြီးကို လုပ်ကြံသတ်ဖြတ်ပြီး ထီးနန်းကို အပိုင်သိမ်းယူဖို့ ကြံစည်နေခဲ့တာပါ ဒါပေမဲ့လို့ စစ်သူကြီးရဲ့ မွေးစားသားဖြစ်သူ စူးကျွယ်ဟာ သုနန္ဒနဲ့ ညီအစ်ကိုလို ခင်မင်နေခဲ့တာကိုတော့ သူမသိရှာခဲ့ပါဘူး စူးကျွယ်ဟာ သုနန္ဒကို မွေးစားအဖေရဲ့ အစီအစဥ်တွေကို ပြောပြလိုက်ပြီးနောက်မှာတော့ သုနန္ဒဟာ စူးကျွယ်ကို မိမိအနေနဲ့ ဟန်ဆောင်ခိုင်းခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့ထဲကို လိုက်သွားစေခဲ့ပါတယ် တစ်ဆက်ထဲမှာပဲ ကြာပန်းလိုလှပ နူးညံ့လှတဲ့ မိန်းမပျိုလေး ယင်းမာစန္ဒီရဲ့ နူးညံ့လှတဲ့လှတဲ့ ပုံပန်းသွင်ပြင်နောက်ကွယ်မှာ ထိတ်လန့်စရာကောင်းတဲ့ လျှို့ဝှက်ချက်တစ်ခု သိုဝှက်ထားတယ်ဆိုတာ ဘယ်သူကမှ မသိခဲ့ပါဘူး အခက်အခဲများစွာ အတားအဆီးပေါင်းများစွာကို ဖြတ်သန်းပြီး ချန်အန်းကို ရောက်တဲ့အခါမှာတော့ – ❏ စစ်သူကြီး ကျားလော်နအပြင် သူတို့ စောင့်ကြည့်နေတဲ့ ကြောက်စရာမျက်လုံးတစ်စုံရှိသေးတယ်ဆိုတဲ့ အကြောင်း သုနန္ဒသိရှိသွားတဲ့ အခါ….? ❏ ချန်အန်းကိုရောက်ရင် အရာအားလုံးပြီးဆုံသွားပြီထင်ထားပေမဲ့ အမှန်တကယ်မှာတော့ ဇာတ်လမ်းအစပဲ ရှိသေးတယ်ဆိုတာ သုနန္ဒတစ်ယောက်သိရှိသွားတဲ့အခါ…? ❏ သူတို့ရဲ့ ဖျော်ဖြေရေးအဖွဲ့ကို အသုံးချပြီး အရှင်မင်းကြီးကို လုပ်ကြံသတ်ဖြတ်ချင်နေတဲ့သူ ရှိနေတဲ့အကြောင်း သုနန္ဒတစ်ယောက်သိရှိသွားတဲ့အခါ…? ဘာတွေဆက်ဖြစ်ကြမှာလဲဆိုတာ စိတ်ဝင်တစားနဲ့ ကြည့်ရှုရမဲ့ ဇာတ်လမ်းတွဲတစ်ကားပဲဖြစ်ပါတယ်ရှင် ဒီဇာတ်ကားလေးဟာဆိုရင် တရုတ် – မြန်မာ နှစ်နိုင်ငံ ပူးပေါင်းရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲလေး တစ်ခုပဲဖြစ်ပြီးတော့ ထန်မင်းဆက်နန်းတော်၊ နန်စောပြည်၊ ပျူနိုင်ငံ စတဲ့ ဒေသများအကြောင်း ရိုက်ကူးပုံဖော်ထားတဲ့ကားလေးဆိုရင်လဲမမှားပါဘူး ပါဝင်သရုပ်ဆောင်ထားတဲ့ သူများအနေနဲ့ကလဲ – ❏ ရုပ်ရည်ချောမောလှပြီး ပရိယာယ်ကြွယ်လှတဲ့ ပျူမင်းသား သုနန္ဒအဖြစ် – Lin Geng Xin ❏ နေရာစုံကိုလျှောက်သွားပြီး ပစ္စည်းတွေခိုးရတာ နှစ်သက်သူ / အပျော်အပါးမက်သူ / သွက်သွက်လပ်ရှိသူ မိန်းမပျိုလေး ယဲ့ရှားလော်အဖြစ် – Choo Ja Hyun တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြတဲ့အပြင် မြန်မာရုပ်ရှင်သရုပ်ဆောင်များဖြစ်ကြတဲ့ ရန်ကျော်နဲ့ မေသဥ္ဇာဦးတို့ကပါ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်ရှင် အားလုံးရင်းနီးပြီးသား ကားလေးကို တစ်ဖန်ကြည့်ရှုခံစားလိုက်ကြပါဦးလားရှင်