Movie Name
Love Of Replica (2023)
Year
2023
Generes
Romance
Code
SC0635
Type
Series
Size
3.33 GB
Country
China
Description
1-16 Completed ဒီဇာတ်ကားမှာ သူဌေးသမီး ရွှီရှီးရှီးနဲ့ အန်းယွဲဆိုသူအဖြစ် မင်းသမီး (Yilia Yu) သူဌေးသမီးရဲ့ သက်တော်စောင့်ခန့်ချောလေး လုကျင်ယန်အဖြစ် မင်းသား(Tsao Yu Ning)တိုက အဓိက ပါဝင်သရုပ်ဆောင်ထားကြတာပဲ ဖြစ်ပါတယ်… ဇာတ်လမ်းလေးအစမှာတော့ သူဌေးသမီးဖြစ်တဲ့ ရွှီရှီးရှီးက သတိမေ့မြောခဲ့ပြီး သူ သတိရလာတဲ့အခါမှာတော့ မှတ်ဉာဏ်တွေ အားလုံး ပျောက်ဆုံးသွားခဲ့ပြီး သူ့ရဲ့ သက်တော်စောင့်ဖြစ်တဲ့ လုကျင်ယန်ကို မြင်မြင်ချင်း ချစ်မိသွားတယ် ဒါပေမဲ့ သက်တော်စောင့်စည်းမျဉ်းတွေကို ထပ်ကြပ်မကွာလိုက်နာတဲ့ လုကျင်ယန်ကရော ရွှီရှီးရှီးကို ပြန်ချစ်ပါ့မလား ရွှီရှီးရှီးက သူ့ရဲ့ ငယ်ပေါင်းဖြစ်တဲ့ တင်းပေဖန်ဆီကနေ သူက ရွှးရှီးရှီး အစစ်မဟုတ်ဘဲ ရုပ်ချင်းဆင်တူတဲ့အန်းယွဲဖြစ်နေတာကို သိလိုက်ရတယ် အန်းယွဲက အမှန်တရားကိုစုံစမ်းရင်းနဲ့ ဘယ်လိုထိတ်လန့်စရာကောင်းတဲ့ လျှိဝှက်ချက်တွေကို သိလာမလဲ လုကျင်ယန်ကရော သူဌေးသမီးဘေးမှာ သဘောရိုးနဲ့သက်တော်စောင့်လုပ်နေတာရော ဟုတ်ပါ့မလား သူ့မှာရော ဘာရည်ရွယ်ချက်တွေ ရှိနေမလဲ လျှိဝှက်ကြံစည်မှုကြားမှာ အန်းယွဲနဲ့ လုကျင်ယန်တိုနှစ်ယောက်ရဲ့ အချစ် ဇာတ်လမ်းကရော ဘယ်လိုဖြစ်လာမလဲ နှစ်ဦးသား သံသယတွေ အန္တရာယ်တွေကို ဖြတ်ကျော်နိုင်ပြီး ချိုမြိန်တဲ့ အချစ်ကမ္ဘာလေးကို တည်ဆောက်နိုင်ပါ့မလား သက်တော်စောင့်အချစ်ဇာတ်လမ်းဆိုတဲ့အတိုင်း ဇာတ်ဝင်ခန်းတွေကတော့ ရှယ်ဖြစ်နေမှာတော့ အသေချာပဲနော် သက်တော်စောင့်လေးရဲ့ ချစ်တတ်ပုံပေါင်းချုပ်နဲ့ အက်ရှင်ပိုင်းအပြင် မျက်လုံးအစာအဝကျွေးလိုရမဲ့ ရသပေါင်းစုံပါဝင်မဲ့ အချစ် ဇာတ်လမ်းလေးကို CM ကနေကြည့်ရှုအားပေးကြပါဦးနော်