-
Movie Name
-
101 Dalmatians (One Hundred And One Dalmatians) (1961)
-
Year
-
1961
-
Generes
-
Animation, Comedy
-
Code
-
AN0588
-
Type
-
Movie
-
Size
-
730 MB
-
Country
-
Hollywood
-
Description
-
One Hundred and One Dalmatians (1961)
~ IMDb – 7.3/10, Rotten Tomatoes – 98% ~
ပထမဆုံးပြောချင်တာကတော့ Animated Movies တွေကို ရှေးခေတ်က ဖန်တီးတဲ့နေရာမှာ အသုံးပြုခဲ့တဲ့ နည်းလမ်းတွေပေါ့ဗျာ။ ဓာတုဆေးရည်တွေသုံးပြီး အရောင်ခြယ်ပုံတွေ မိတ္တူဆွဲခဲ့ကြတုန်းက အရောင်စိုစိုပြောင်ပြောင်တွေ ရခဲ့တဲ့ခေတ်အပြီးမှာတော့ မင်ခြောက်ကိုသုံးပြီး မိတ္တူဆွဲ Cell ထဲထည့်တဲ့ခေတ်ကို ရောက်လာပါတယ်။ မနှင်းဖြူနဲ့ လူပုလေးတွေ၊ အခုတင်ဆက်မယ့် ဒယ်မေးရှင်း တစ်ရာ့တစ်ကောင် တို့ကစလို့ နှောင်းပိုင်း Animated Movies တွေအထိ ဆင့်ကဲတိုးတက်သုံးစွဲလာတဲ့ နည်းလမ်းတစ်ခုပါ။
မင်ခြောက်ဖြစ်တဲ့အတွက် အရောင်တွေက သဘာဝနဲ့နီးစပ်ပြီး မိတ္တူဆွဲပြီးတာနဲ့ Cell တွေထဲ တစ်ခါတည်းထည့်လို့ Computerized Animation လုပ်လို့လည်း ရသပေါ့လေ။ ဒါပေမဲ့ 101 Dalmatians မှာတော့ Computer ရဲ့ Artificial Intelligence က ဆက်ဆွဲပေးတဲ့ 3D Sensor Automatic Drawing တွေ မပါလို့ တစ်ပုံချင်းဆီကို အသေးစိတ် ဆွဲပေးခဲ့ရပါတယ်။ ဒါ့ကြောင့်မလို့ 101 Dalmatians မှာ ပုံပေါင်း တစ်သိန်းတစ်သောင်းကျော် လက်နဲ့ရေးဆွဲခဲ့ရတာပေါ့ဗျာ။
မျက်လုံးထဲ မြင်အောင်ပြောရရင် ခွေးကလေးက လမ်းလျောက်လာရင်း လမ်းတစ်ဖက်ကို လှည့်ကြည့်လိုက်တဲ့ Cut လေး ဆွဲကြမယ်ဆိုပါတော့။ 3D Sensor နဲ့ ဖတ်ပြီး ဆက်လက်ဆွဲနိုင်ဖို့ မူလ အသေးစိတ်ကျကျပုံ ဆယ်ဂဏန်းလောက် ဆွဲပေးနိုင်ရင် Computer ကနေ အလိုအလျောက် ဆက်ဆွဲပေးပြီး Animated လုပ်ပေးပါတယ်။ လူမပန်းတော့ပါဘူး။ ဒါပေမဲ့ ဒီဇာတ်ကားလုပ်ခဲ့တဲ့နှစ်ကတော့ ပုံတိုင်းကို အသေးစိတ် ရှုတောင့်ပေါင်းစုံကနေ ရေးဆွဲပေးရလို့ လက်ဝင်ပြီး ပင်ပန်းရတာပေါ့။ စာအုပ်တောင့်လေးမှာ ပုံတွေဆွဲပြီး စာရွက်တွေ တဖျပ်ဖျပ်လှန်လိုက်ရင် လှုပ်ရှားလာတဲ့ အခြေခံသဘောတရားပါပဲ။
ဒီဇာတ်ကားမှာ ဒယ်မေးရှင်းတွေရဲ့ ဝိသေသဖြစ်တဲ့ အနက်ရောင် အစက်အပြောက်လေးတွေ သိကြမှာပါ။ ရေးဆွဲသူတွေဟာ ပွန်ဂို အတွက် အစက် ၇၂ စက်၊ ပါဒီတာ အတွက် အစက် ၇၈ စက်၊ ကလေးတစ်ကောင်ချင်းစီအတွက် ၃၂ စက်၊ စုစုပေါင်း ၃၃၁၈ စက် ရှိပါတယ်။ ဒါ့ကြောင့်မလို့ တစ်ရာ့တစ်ကောင်လုံးကို ပြိုင်တူပြတဲ့အခန်းတွေကို မြှောက်ကြည့်လိုက်ရင် အစက်ပေါင်း ၆၄၆၉၉၅၂ စက် ဆွဲခဲ့ရပါတယ်တဲ့။ လူကြီးမင်းကသာ ရေးထားတဲ့ ဂဏန်းတွဲကို ကျော်သွားတာပါ။ တကယ်ရေခဲ့တဲ့သူကတော့ အတည်ကြီး ရေသွားတာဗျ။ အဲဒီအစက်တွေဆွဲဖို့သက်သက်အတွက် အနုပညာအသင်းတစ်ခု ဖွဲ့ခဲ့ရသတဲ့။
ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံထားပြီး ကားထဲက ခွေးဟောင်သံတွေအားလုံးဟာ လူတွေတုပပြီး ဟောင်ထားတဲ့ လူဟောင်သံတွေပါနော်။ သုတ်ဆေး ၉၅၇၉ ပေါင် သုံးစွဲခဲ့ပြီး ဘောလုံးကွင်း ၁၅ ခုကို ဆေးသုတ်ပစ်လို့ရတဲ့ ပမာဏဗျ။ Cruella ကို ဒစ်စနေး က မင်းသမီးတစ်ယောက် နမူနာကြည့်ပြီး ဆွဲထားသတဲ့။ ဘယ်သူလဲ သိချင်ကြလား။ ဒယ်မေးရှင်းအစစ်တွေမှာ အဖြူဆွတ်ဆွတ်ဖြစ်ပေမဲ့လို့ ကာတွန်းထဲမှာတော့ ကာလာသီအိုရီအရ မီးခိုးရောင်ဖျော့ထားရပါတယ်။
ဇာတ်လမ်းကတော့ အားလုံးနီးပါးကြည့်ဖူးကြတဲ့ ဒယ်မေးရှင်းခွေး တစ်ရာ့တစ်ကောင်ဇာတ်ကားအတိုင်းပါ။ Live Action ပြန်ရိုက်ထားပြီး CM မှာလည်း တင်ဆက်ခဲ့ပါတယ်။ ဒါပေမဲ့ မူရင်း Animated ဇာတ်ကားမရှိတာကြောင့် ပြန်လည်တင်ဆက်ပေးလိုက်တာပါ။
ဒယ်မေးရှင်းခွေးအမျိုးအစားဖြစ်တဲ့ ပွန်ဂိုတစ်ကောင် သခင့်အတွက်ဇနီးလောင်းရှာပေးရင်း ကိုယ်တိုင်လည်း ဇနီးချောလေးတစ်ယောက်ရတာကနေ စတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ပွန်ဂိုနဲ့ သူ့ချစ်ဇနီးလေးတို့က ခွေးပေါက်လေး ၁၅ ကောင်မွေးခဲ့ပါတယ်။ အဲဒါကို ဒယ်မေးရှင်း ခွေးသားမွေးအင်္ကျီ ချုပ်ဝတ်ချင်တဲ့ သခင်မရဲ့ သူငယ်ချင်း Cruella က ခွေးပေါက်လေးတွေကို လာဝယ်ပါတော့တယ်။ မရောင်းဘူးပြောပြီး မောင်းထုတ်ခံလိုက်ရတဲ့ Cruella က လူမိုက်ငှားပြီး ခွေးလေးတွေကို ခိုးပါတော့တယ်။
ဒီဇာတ်ကားက ခွေးလေးတွေကို ဇာတ်ဆောင်တင်ရိုက်ရလို့ လူတွေကို ညံ့ဖျင်းသူတွေအဖြစ် သိသိသာသာ ဇောင်းပေးထားရပါတယ်။ သခင်လုပ်သူကလည်း ဘာမှမလုပ်တတ်မကိုင်တတ်၊ သီချင်းရေးဆရာဘဝနဲ့ ငွေမရှာနိုင်သူကြီးပါ။ သခင်မကလည်း ခင်ပွန်းကိုပဲမှီခိုပြီး စားဝတ်နေရေးကို ပင်ပန်းစွာ စီမံနေရသူပေါ့။ စီးပွားရေးညံ့ဖျင်းတာထားပါလေ။ ခွေးပေါက်လေးတွေ ပျောက်တဲ့အချိန်မှာ ရဲကိုတိုင်ပြီး အိမ်မှာငုတ်တုတ်ထိုင်စောင့်နေရလောက်အောင်ကို ညံ့ဖျင်းကြသူတွေပါ။
ဒါတင်မက ခွေးလေးတွေကို ပွန်ဂိုတို့လင်မယားနှစ်ယောက် အခက်ခဲတွေကျော်ဖြတ်ပြီး သွားကယ်ရတဲ့အခါမှာတောင် သူတို့ခွေးတွေ အိမ်ကထွက်ပြေးသွားတယ်လို့ ထင်ကြသူတွေပါ။ အံ့ပါရဲ့လေ။ သူတို့အလိုသာဆို ခွေးပေါက်လေး ၁၅ ကောင်ရယ်၊ အခြားနေရာက ဖမ်းလာတဲ့ ခွေးပေါက်လေး ၈၄ ကောင်ရယ်ပါ သားမွေးအင်္ကျီဖြစ်ရဖို့ရှိပါတယ်။ ဒီလိုနဲ့ ခွေးလေးတွေကိုကယ်ဖို့ ခရီးကြမ်းထွက်ခဲ့ရတဲ့ ဒယ်မေးရှင်းလင်မယားရယ်၊ သူတို့ရဲ့ တစ်ရာ့တစ်ကောင်အိမ်အပြန်ခရီးရယ်ကို အရင်အချိန်တွေ ပြန်သတိရရင်း ကြည့်ရှုနိုင်မှာဖြစ်လို့ လက်လွတ်မခံဖို့ အကြံပေးလိုပါတယ်နော်။