Movie Name
Fanfic (2023)
Year
2023
Generes
Drama
Code
EN2665
Type
Movie
Size
782 MB
Country
Hollywood
Description
Fanfic (2023) ============ နေ့စဥ်လူ​နေဘဝမှာ စိတ်ပင်ပန်းစရာ​တွေ၊​ပျော်ရွှင်စရာ၊ ဝမ်းနည်းစရာ တွေက လူတိုင်း​တွေ့ကြုံခံစား​နေရတဲ့ကိစ္စ​တွေပါပဲ၊ “ငါက ဘယ်လိုလူလဲ ငါက ဘာမို့လို့ ဒါကိုမလုပ်နိုင်ရတာလဲ” စသဖြင့် မိမိကိုယ်မိမိယုံကြည်မှု​ ပျောက်ဆုံး​နေတာလည်း ပိုပြီးဆိုးရွားတဲ့ခံစားချက်ပါပဲ “။ ငါ လမ်း​​ပျောက်​ နေပြီ၊ ငါဘာဆက်လုပ်မလဲ၊ ငါကဘာ​ကောင်မှန်းမသိ​တော့ဘူး” ဒါ​တွေက ကျွန်​တော်တို့ အ​တွေး​တွေထဲ အမြဲတ​စေ တခါတရံဖြစ်​ပေါ်လာတတ်ပါ တယ်။ မိသားစုပြဿနာ​တွေ၊ အလုပ်ကိစ္စအဆင်မ​ပြေတဲ့အခါ၊ သမီးရည်းစားရန် ဖြစ်တာမျိုး​တွေမှာ၊ နှစ်ဦးနှစ်ဖက်ညှိနှိုင်းမရတဲ့အခါမျိုး​တွေမှာ စိတ်ရူးမတတ် အ​ခြေအ​နေမျိုး​တွေဖြစ်လာတတ်တယ်၊ အထူးသဖြင့် ခံစားချက်ကို ထိန်း ချုပ်ဖို့မလွယ်တဲ့ ဆယ်​ကျော်သက်အရွယ်​တွေ​ပေါ့။ ဒီဇာတ်လမ်းမှာ ဆယ်​ကျော်သက်တွေဖြစ်တတ်တဲ့ စိတ်ကူးအယဥ်လွန်ပြီး​ အမှားလုပ်မိတာ​တွေ၊ မိမိကိုယ်မိမိယုံကြည်မှု​ပျောက်ဆုံးတာ၊တဖက်လူရဲ့ ခံစားချက်ကိုထည့်မတွက်ဘဲ ကိုယ်လုပ်ချင်တာလုပ်တတ်တာ၊ အရာရာကို ငါသိငါတတ်ဆိုတဲ့စိတ်​အခံ​တွေ၊ မိဘနဲ့သားသမီးကြားက မလိုအပ်တဲ့ အ သေးအမွှားပြဿနာ​လေး​တွေကို​ဖော်ကျူးထားတာဖြစ်လို့ ငါသာဆိုရင် သူ့​နေရာမှာ ဘာလုပ်မလဲ စသဖြင့် ​ကိုယ်တိုင်ခံစားဖြည့်​တွေးရင်း ကြည့်ရှု ရမယ့် ဇာတ်ကားလေးမို့ ခံစားကြည့်ရှုလိုက်ကြပါဦး။