Movie Name
Asterix & Obelix Mission Cleopatra (2002)
Year
2002
Generes
Comedy, Family
Code
EN2667
Type
Movie
Size
1.17 GB
Country
Hollywood
Description
Asterix & Obelix: Mission Cleopatra (2002) IMdb (6.6) / Rotten Tomatoes (86%) ရောမဘုရင် ဂျူးလိယက်ဆီဇာ ဟာ တိုက်တိုင်းအောင်စစ်ဘုရင်ကြီးဖြစ်နေတော့ အီဂျစ်ဘုရင်မ ကလီယိုပါထရာနဲ့တွေ့တဲ့ချိန် အီဂျစ်သားတွေကို အထင်အမြင်သေးစွာ ပြောဆိုလိုက်တယ်… ဒါကို ကလီယိုပါထရာက တင်းပြီး အီဂျစ်သားတွေဟာ သမိုင်းဝင်ပိရမစ်တွေကို ဘယ်လိုဆောက်ခဲ့ကြောင်း ကြီးကျယ်ကြောင်း ပြန်ချေပတယ်.. ဒီလို အီဂျစ်သားတွေ ကြီးကျယ်ကြောင်းသက်သေပြဖို့ ဆီဇာနဲ့ အလောင်းအစားတစ်ခုလုပ်လိုက်တယ်.. ၃ လအတွင်း နန်းတော်ကြီးတစ်ခု အပြီးဆောက်ပြမယ်ဆိုပြီးတော့ပေါ့… ဒီနန်းတော်ကိုဆောက်ဖို့ အီဂျစ်မှာ တလွဲလုပ်နေကျ ဗိသုကာပညာရှင် အက်ဒစ်ကို ခိုင်းလိုက်တဲ့အခါ… အက်ဒစ်ဆိုတာက နယ်နယ်ရရ ဗိသုကာပညာရှင်တော့မဟုတ်ပါဘူး..ပြတင်းပေါက်ကို လက်လှမ်းမမီတဲ့နေရာမှာဆောက်တဲ့လူမျိုးပါ… ၃ လနဲ့အပြီးဆောက်ဖို့ မဖြစ်နိုင်တဲ့အဆောက်အဦးကို အက်ဒစ်တစ်ယောက် ဘယ်လိုဉာဏ်နီဉာဏ်နက်တွေသုံးပြီး ဆောက်မလဲ.. သူ့ကို ချောက်တွန်းမယ့်လူရော မှော်အစွမ်းတွေနဲ့ကူညီမယ့်လူတွေရောရှိနေတာမို့ ဘယ်လိုဖြစ်ပျက်မလဲဆိုတာ ကြည့်ရမှာပါ။ ဒီဇာတ်ကားက သမိုင်းနောက်ခံ ဟာသစွန့်စားခန်း ပြင်သစ်ဇာတ်ကားဖြစ်ပြီးတော့ ကလီယိုပါထရာအဖြစ် Monica Bellucci , အက်ဒစ်အဖြစ် Jamel Debbouze , Astrix အဖြစ် Christian Clavier , Obelix အဖြစ် Gérard Depardieu တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်.. Astrix ၏ စွန့်စားခန်းများ Comic Book ကို ပြန်လည်ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ်.. Astrix ဇာတ်ကား ၅ ကားရှိပြီး ဒီကားကတော့ ဒုတိယကားပါ…(မတ်မတ် မိုနီကာပါလို့ ဒီကားကိုပဲ တင်ဖြစ်သွားတာပါ။) Astrix ဇာတ်ကားတွေဟာ ကုန်ကျစရိတ်အများဆုံး ပြင်သစ်ဇာတ်ကားတွေဖြစ်ပါတယ်..အခုကားကိုလဲ ခမ်းခမ်းနားနားရိုက်ကူးထားတာတွေ့ရပါတယ်။ ဒီဇာတ်ကားဟာ $58.5 million သုံးစွဲခဲ့ပြီး Box Office မှာ $128 million ပြန်ရခဲ့လို့ စီးပွားရေးအရအောင်မြင်ခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ Comedy ပရိတ်သတ်တွေ ပေါ့ပေါ့ပါးပါးကြည့်ရှုဖို့သင့်တော်တဲ့ဇာတ်ကားပါ