-
Movie Name
-
Robots (2023)
-
Year
-
2023
-
Generes
-
Comedy, Romance
-
Code
-
EN2682
-
Type
-
Movie
-
Size
-
523 MB
-
Country
-
Hollywood
-
Description
-
ကိုယ့်ကိုယ်ပွားစက်ရုပ် clone တွေများထုတ်နိုင်ရင် အဲဒီစက်ရုပ်
တွေနဲ့ ဘာလုပ်ချင်ကြသလဲ။ ဒီကားထဲက ချားလ်စ်ကတော့ သူ့
ကိုယ်ပွားစက်ရုပ် စီတူးကို သူ့အစားအလုပ်လုပ်ခိုင်းတယ်။ အိမ်
သန့်ရှင်းရေး ထမင်းဟင်းချက် စွယ်စုံခိုင်းတဲ့အပြင် စီတူးရဲ့ အပြော
ချိုချို ကြင်နာတတ်တဲ့စိတ်ထားကိုသုံးပြီး ကောင်မလေးတွေနဲ့ အိပ်
ရအောင်ပါလုပ်တဲ့ ငပွေပါ။ ချားလ်စ်ရဲ့ အမဲလိုက်ကွင်းကတော့ ရေခဲ
ပြင်စကိတ်ကွင်းပါတဲ့။ အဲဒီမှာ သူသဘောကျတဲ့ကောင်မလေးတွေနဲ့
ဝင်ဝင်တိုက်ပြီး ဇာတ်လမ်းထွင်ပါတယ်။
ကောင်မလေးတွေ သူ့ကိုချစ်လာအောင်လုပ်ရတာကတော့ စီတူးရဲ့
တာဝန်ပေါ့။ အယ်လိန်းဆိုတဲ့ကောင်မလေးကတော့ သိုက်တူးသမား။
ရေလျှံတဲ့ဘဲကြီးတွေနဲ့သွားချိတ်ပြီး သူတို့နဲ့အိပ်ဖို့က အယ်လိန်းရဲ့ ကိုယ်
ပွားစက်ရုပ် အီးတူးရဲ့တာဝန်ဖြစ်ပါတယ်။ တစ်နေ့ကျ ရေခဲပြင် စကိတ်
ကွင်းမှာ ချားလ်စ်နဲ့အယ်လိန်းတို့တွေ့ပြီး အတွဲတွေဖြစ်သွားပါတယ်။
ဒါပေမဲ့ သူတို့နှစ်ယောက်အစား စီတူးနဲ့ အီးတူးက အိပ်ဖြစ်သွားကြပြီး
ချစ်မိသွားကြရာကနေ ထွက်ပြေးပါတော့တယ်။ တကယ်က စက်ရုပ်
ကိုယ်ပွားထုတ်တာက တရားမဝင်ဘဲ မိတာနဲ့ ထောင်နှစ်ရှည်ကျမှာပါ။
ဒီလိုနဲ့ ချားလ်စ်နဲ့အယ်လိန်းတို့ရဲ့ စက်ရုပ်လိုက်ဖမ်းပုံတွေကို ရှုစားရမယ့်
Sci-fi / fantasy ဇာတ်ကားပဲဖြစ်ပါတယ်။