-
Movie Name
-
Qodrat (2022)
-
Year
-
2022
-
Generes
-
Action, Drama
-
Code
-
OT0106
-
Type
-
Movie
-
Size
-
615 MB
-
Country
-
Others
-
Description
-
Qodrat (2022)
ဇာတ်ကားနာမည် ကွတ်ဒ်ရတ်က ပယောဂနှင်ပေးတဲ့ဆရာရဲ့နာမည်ပါ။
ကွတ်ဒ်ရတ်က အစ္စလာမ်ဘာသာဝင်ဆရာတစ်ယောက်ဖြစ်ပြီး ရှိုင်သာန် ဂျင်န် စတာတွေကိုနှင်ထုတ်ပေးသူဖြစ်ပါတယ်။
ဒါကြောင့်ဇာတ်လမ်းအတွက်အခြေခံဖြစ်တဲ့ ရှိုင်သာန်ဂျင်န် အကြောင်းကိုအနည်းငယ်ပြောပရစေ။
အစ္စလာမ်ဘာသာအရ လူတွေကိုမဖန်ဆင်းခင်မှာ မျိုးနွယ်တစ်စုကိုမီးနဲ့ဖန်တီးခဲ့ပြီး သူတို့ကိုဂျင်န်တွေလို့ခေါ်ပါတယ်။
နောက်ပိုင်းမှာဂျင်န်တွေရဲ့ သောင်းကျန်းမနာခံမှုတွေကြောင့် သူတို့ကိုတောတောင်တွေဘက်မှာသာနေထိုင်ဖို့မောင်းထုတ်လိုက်ပါတယ်။
ဒါပေမဲ့ဂျင်န်အားလုံးကဆိုးတာမဟုတ်ပဲ ကောင်းတဲ့ဂျင်န်တွေလဲရှိပါတယ်။
ဂျင်န်ထဲကတစ်ယောက်ဖြစ်တဲ့ အေဗလိစ်ဆိုရင် အလ္လာ့အမိန့်ကိုနာခံလွန်းလို့ ကောင်းကင်ဘုံထိပါတက်ခွင့်ရထားတယ်။
ဒါပေမဲ့ အလ္လာက လူသားကိုဖန်ဆင်းအပြီးမှာ လူသားကိုဦးချဖို့ အေဗလိစ်ကိုစေခိုင်းတော့
အေဗလိစ်က လူသားဟာ သူ့ထက်နိမ့်ကျတယ်ဆိုတဲ့မာနထားပြီး အလ္လာ့အမိန့်ကိုဖီဆန်လိုက်တာကြောင့် ကောင်းကင်ဘုံကနေနှင်ထုတ်ခံလိုက်ရပါတယ်။
သူ့ကို ရှိုင်သာန်မိစ္ဆာလို့ခေါ်ပါတယ်။ ရှိုင်သာန်က လူသားတွေကို လမ်းမှားဆီနည်းမျိုးစုံနဲ့ခေါ်သွားမယ်လို့ အလ္လာ့ကိုကတိပေးခဲ့သလို
အလ္လာကလဲသူ့ရဲ့ဖန်ဆင်းခံလူသားတွေ ဘယ်လောက်လမ်းမှားမှား သူတို့အပြစ်တွေကိုသိနားလည်ပြီးဝန်ချတောင်းပန်သရွေ့ခွင့်လွှတ်မယ်လို့ကတိပေးထားပါတယ်။
အခုနပြောတဲ့ ဂျင်န်တွေထဲကဆိုးတဲ့ဂျင်န်တွေကလဲ ဒီရှိုင်သာန်ရဲ့နောက်လိုက်အပေါင်းအပါတွေဖြစ်ပြီး လူသားတွေကိုနှောင့်ယှက်ကြတယ်ပေါ့။
ဒီဇာတ်လမ်းမှာတော့ အာဆူအာလာဆိုတဲ့ဂျင်န်က ကွတ်ဒ်ရတ်ရဲ့သားလေးအလစ်ဖ်ကို ဝင်စီးပါတယ်။
ကွတ်ဒ်ရတ်ကလဲ ဒီဂျင်န်ကိုနှင်ပေမယ့် အာဆူအာလာကပိုစွမ်းအားကြီးနေပြီး ကွတ်ဒ်ရတ်သားလေးကိုလည်ပင်းချိုးသတ်ခဲ့ပါတယ်။
ကွတ်ဒ်ရတ်လဲ လက်လွတ်စပယ်မှုကြောင့်ထောင်ကျခဲ့ပါတယ်။
ထောင်ကလွတ်တော့ သူပညာဆည်းပူးခဲ့တဲ့ရွာလေးကိုပြန်သွားချိန်မှာ
ရွာရဲ့အခြေအနေကတော်တော်ဆိုးနေပြီး ဂျင်န်ဝင်စီးခံရတဲ့သူတွေဆိုတာလဲအများကြီးပါ။
ကွတ်ဒ်ရတ်က ဒီဂျင်န်နှင်တာတွေကိုမလုပ်တော့ပေမယ့် သူ့သားလေးနဲ့နာမည်တူ အလစ်ဖ်ဆိုတဲ့ကလေးတစ်ယောက်လဲ ဂျင်န်ဝင်စီးခံရချိန်မှာတော့
ဒီကလေးကိုကုသပေးရင်း ရွာကဘာကြောင့်ဒီလိုတွေဖြစ်နေရလဲဆိုတာ မဖြစ်မနေအဖြေရှာရမယ့်အပြင်
ရန်သူတော် အာဆူအာလာနဲ့လဲ ထပ်တွေ့ပြီးသူတို့အားပြိုင်မှုတွေကို ကြောက်ကြောက်နဲ့ပဲကြည့်လိုက်ကြပါဦး