Movie Name
Maid For Revenge (2023)
Year
2023
Generes
Drama
Code
EN2713
Type
Movie
Size
641 MB
Country
Hollywood
Description
ဒီဇာတ်ကားလေးကတော့ ၂၀၂၃ ကမှထွက်ရှိခဲ့ပြီး ဒါရိုက်တာ Alexandre Carrière ရိုက်ကူးထားတဲ့ mystery and thriller အမျိုးစားဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်း‌အကျဉ်းလေးကတော့ မစ္စ၀စ်ခါဆန် က ၈ နှစ်အရွယ်သားလေးနဲ့အတူတူနေရင်း ဘ၀ကိုရုန်းကန်နေရတဲ့ single mother တစ်ယောက်ပါ။ သူအရင်က ထောင်လည်းကျခဲ့ဖူးတာမလို့ သန့်ရှင်းရေးအလုပ်လုပ်ပြီး ရိုးရိုးသားသားပဲလုပ်ကိုင်စားသောက်နေသူပါ။ တစ်နေ့မှာတော့ အလုပ်လုပ်နေရင်းသတိမေ့သွားပြီး သတိပြန်ရလာချိန်မှာတော့ သူအလုပ်လုပ်နေတဲ့အိမ်ရှင်ရဲ့ ရေကန်နားမှာသွေးတွေနဲ့အတူဖြစ်နေပါတယ်။ အနားမှာလည်း ဓားထိုးရာနဲ့သွေးတွေထွက်နေတဲ့အိမ်ရှင်ရဲ့အလောင်းကိုတွေ့လိုက်ရပါတယ်။ အဲဒီနောက်မှာတော့ သူ့သားလေးကိုစိတ်ပူပြီး အိမ်ကိုမရရအောင်ပြန်ပါတော့တယ်။ ဒီလိုရိုးရိုးသားသားအလုပ်လုပ်နေတဲ့ အိမ်ဖော်တစ်ယောက်က တကယ်ပဲသူ့ရဲ့အလုပ်ရှင်ကိုသတ်ခဲ့တာလား? သူသတ်ခဲ့တာမဟုတ်ရင် ဘာလို့သူ့ကိုချောက်ချကြတာလဲ? သူမကရော အရင်ကဘာတွေဖြစ်ခဲ့တာလဲ? မစ္စ၀စ်ခါဆန် ကလည်းဒီအကြောင်းတွေကိုဘယ်လိုဖော်ထုတ်သွားမလဲဆိုတာကို စိတ်၀င်စားဖွယ်ကြည့်ရှုကြရမှာပါ။