Movie Name
Jethica (2023)
Year
2023
Generes
Comedy, Drama, Horror
Code
EN2716
Type
Movie
Size
474 MB
Country
Hollywood
Description
လောကမှာဘယ်အရာမှ အစွန်းရောက်တာမကောင်းပါဘူး..ဥပမာပေးရရင်တော့ လူတစ်ယောက်ကို အဆုံးစွန်ထိချစ်မိသွားတာမျိုးပေါ့..အရပ်စကားနဲ့ဆိုရင်တော့ အချစ်ကြောင့်စုံလုံးကန်းသွားတာပေါ့.. လူတစ်ယောက်တည်းကိုပဲ အချိန်တိုင်း SMS တွေပို့..ဖုန်းတွေခေါ်..သူနဲ့ပတ်သတ်သမျှအကုန်လုံးဟာ ကိုနဲ့ပဲသက်ဆိုင်ရမယ်လို့တွေးမိနေရင်တော့ ချစ်တာမဟုတ်ဘဲ နှစ်တာဖြစ်သွားပါလိမ့်မယ်..တဖက်ကိုလည်းသ-တ်သလိုဖြစ်သလိုဖြစ်ရင်းကိုပါထိခိုက်ရပါတယ်..ဒီလိုမျိုးဖြစ်ရပ်တွေဟာ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာ တွေ့နေမြင်နေရတဲ့ဖြစ်ရပ်တွေပါပဲ ဒီကားလေးမှာတော့ ဒီဖြစ်ရပ်တွေကိုပုံဖော်ရိုက်ကူးထားတာဘဲဖြစ်ပါတယ်..ဂျက်ဆီကာလို့ခေါ်တဲ့ ကိုမချစ်တဲ့သူတစ်ဦးရဲ့ အတင်းတွယ်ကပ်နေတာကို ခံနေရတဲ့ ကောင်မလေးတစ်ယောက်နဲ့ အယ်လီနာတဖြစ်လဲ LaLaLand ထဲကမင်းသမီးချောလေးCallie Hernandez တို့ငယ်သူငယ်ချင်းနှစ်ယောက်တို့ရဲ့ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးကိုပုံဖော်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ် သူငယ်ချင်းနှစ်ဦး ကြုံတွေ့ရတဲ့အခက်အခဲတွေကိုဘယ်လိုကျော်ဖြတ်ကျမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှူလိုက်ကြပါဦး..အဆုံးသတ်မှာ တွေးစရာလေးတွေကောသင်ခန်းယူစရာလေးကောရသွားမယ့် ကားကောင်းလေးတစ်ကားဖြစ်ကြောင်းညွှန်းလိုက်ပါရစေခင်ဗျာ