Movie Name
Insadong Scandal (2009)
Year
2009
Generes
Crime, Drama, Thriller
Code
KR0398
Type
Movie
Size
1.07 GB
Country
Korea
Description
Insadong Scandal (2009) နာမည်ကြီးထိပ်တန်းမင်းသား ဂင်ရယ်ဝန်နဲ့ နာမည်ကြီးထိပ်တန်းမင်းသမီး အွန်းဂျောင်ဟွာတို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ (၂၀၀၉) ခုနှစ်ကထွက်ရှိခဲ့တဲ့ “Insadong Scandal” ဆိုတဲ့ ကိုးရီးယားဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။ ဒီကားမှာတော့ ပိုက်ဆံအာဏာရှိတဲ့သူတွေက ပန်းချီအနုပညာကိုခုတုံးလုပ်ကာ နိုင်ငံပိုင်ပန်းချီတွေကိုမှောင်ခိုရောင်းချပြီး ဂွင်ရိုက်စီးပွါးရေးလုပ်နေကြပုံကိုတွေ့မြင်ရမယ့်အပြင် ကိုးရီးယားသမိုင်းဝင်ပန်းချီကားချပ်များအကြောင်းကိုလည်း ဗဟုသုတအနေနဲ့သိရှိရမှာဖြစ်ပါတယ် ဇာတ်လမ်းအနေနဲ့ကတော့ ဘီမူပန်းချီပြခန်းရဲ့ ဥက္ကဠဖြစ်သူ ဘယ်ထယ်ဂျင်း (အွန်းဂျောင်ဟွာ)ဟာ နာမည်ကြီးပန်းချီတွေမှအစ သာမန်ပန်းချီတွေအထိ အတုကူးယူကာ အတုကိုလူထုကိုချပြပြီး မူရင်းတွေကိုတော့ တိုင်းတပါးသို့မှောင်ခိုရောင်းစားပြီးစီးပွါးရှာနေသူတစ်ဦးပါ။ တနေ့မှာတော့ နှစ်ပေါင်း(၄၀၀) သက်တမ်းရှိတဲ့ ဗြောဂန်ဒိုလို့ခေါ်တဲ့ ဂျိူဆွန်းခေတ်က ရေးဆွဲခဲ့တဲ့ပန်းချီကားတစ်ချပ်ဟာ ဥက္ကဠဘယ်ရဲ့လက်ထဲကိုရောက်ရှိလာတဲ့အချိန်မှာ ထုံးစံအတိုင်း တိုင်းတပါးဂျပန်သို့ စျေးမြှင့်ရောင်းချဖို့ကြံစည်ပါတော့တယ်။ ဒါပေမဲ့ ပန်းချီကားကိုပြန်လည်မွမ်းမံဖို့လိုအပ်တဲ့အတွက်ကြောင့် ပန်းချီပုံတူရေးဆွဲရာမှာ တဖက်ကမ်းခတ်တဲ့ အီဂန်ဂျွန်(ဂင်ရယ်ဝန်) ကိုဆက်သွယ်ခဲ့ရပါတော့တယ်။ တဖက်မှာခေါင်းဆောင်အီဟာလည်း မိဘမဲ့ဘဝနဲ့နေထိုင်ကြီးပြင်းခဲ့ရတဲ့ ချမ်းဒုန်ဘုရားကျောင်းနဲ့သက်ဆိုင်တဲ့ သမိုင်းဝင် ဂန်ဟွာဗြောင်ဖွန်းပန်းချီကို ရှာဖွေနေခဲ့ပါတယ် ။ အဲဒီတော့ ဥက္ကဌဘယ်ရဲ့ ဂျပန်ကို ဗြောဂန်ဒိုရောင်းချမှုက အောင်မြင်သွားမလား ခေါင်းဆောင်အီရဲ့ ဂန်ဟွာဗြောင်ဖွန်းရှာဖွေမှုကရော ဘယ်လိုဖြစ်သွားမလဲ ဗြောဂန်ဒိုပန်းချီကားနဲ့ ဂန်ဟွာဗြောင်ဖွန်းပန်းချီကားကရော ဆက်နွယ်မှုတွေရှိနေမလားဆိုတာကိုတော့ ဇာတ်ကားလေးမှာ အဆုံးထိဝင်ရောက်ကြည့်ရှုပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်