-
Movie Name
-
Chai Paetsaya (ပရိယာယ်ခြုံကျား) (2023)
-
Year
-
2023
-
Generes
-
Drama, Romance
-
Code
-
ST0772
-
Type
-
Series
-
Size
-
8.45 GB
-
Country
-
Thai
-
Description
-
1-18 Completed
"ဝင်" အဖြစ် - Poh Natthawut
"အွန်ရယာနီ" အဖြစ် - Ann Siriam
"ဖေ့ရွိုင်" အဖြစ် - Care Chattarika
"ဖလွိုင်ရွန်" အဖြစ် - Preem Ranida
"နဖုန်" အဖြစ် - Ice Panuwat
"ထတ်ချာ" အဖြစ် -Masu Junyangdikul
ဇာတ်လမ်းအကျဥ်း
ချစ်ခြင်းမေတ္တာကိုအလေးထားတဲ့ သက်လတ်ပိုင်းလူရွယ်တစ်ဦးဖြစ်တဲ့ "ဝင်" ဟာ အစ်ကိုဖြစ်သူဆုံးသွားပြီးနောက်ပိုင်း မရီးနဲ့ မရီးရဲ့သမီး ၂ ယောက်ကို စောင့်ရှောက်ပေးဖို့ဖြစ်လာပါတယ်။
"ဝင်" ရဲ့ မရီးတစ်ဖြစ်လည်း သူငယ်ချင်းဖြစ်သူ "အွန်ရယာနီ" ဟာ "ဝင်" ရဲ့ အစ်ကိုဖြစ်သူနဲ့ လက်ထပ်ထားပေမဲ့ အချိန်တိုင်း "ဝင်" ကို မျှော်လင့်နေခဲ့ပါတယ်။
"ဝင်" ရဲ့ တူမအကြီးဖြစ်သူ "ဖေ့ရွိုင်" တစ်ယောက် ရည်းစားဖြစ်သူနဲ့ လက်ထပ်ခါနီးမှာ ရည်းစားဖြစ်သူရဲ့ ဖောက်ပြန်ဇာတ်လမ်းကိုင်အချိန်မီသိလိုက်ရတဲ့အတွက် သူမအတွက်သီသီလေးကံကောင်းသွားခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ရုပ်ရည်ချောမောပြီး အဆင့်အတန်းမြင့် အရက်ဘားဆိုင်တစ်ခုရဲ့ပိုင်ရှင်လူငယ်လေး "ထတ်ချာ" နဲ့ ဖေ့ရွိုင်" တို့ ဆုံမိခဲ့ကြပြီး ချစ်ကြိုးသွယ်ခဲ့ပါတယ်။
"ဖေ့ရွိုင်" ရဲ့ ညီမဖြစ်သူ "ဖလွိုင်ရွန်" ဟာ အစ်မဖြစ်သူကိုအသုံးချဖို့ကြိုးစားနေတဲ့ "ထတ်ချာ" ရဲ့အကြံအစည်ကိုရိပ်မိတာကြောင့် အစ်မဖြစ်သူနဲ့မနီးစပ်နိုင်အောင်ကြိုးစားဖို့ ဦးလေးဖြစ်သူ "ဝင်" နဲ့ပူးပေါင်းပြီး သူကယ်ချင်းဖြစ်သူ "နဖုန်" ရဲ့အကူအညီကိုယူဖို့ဖြစ်လာပါတယ်။
"ဖလွိုင်ရွန်" ဟာ "နဖုန်" ရဲ့အကူအညီကိုယူရင်း သူမဘဝမှာ ပထမဆုံးအနေနဲ့ "နဖုန်" ကို ခံစားချက်တွေဖြစ်ပေါ်လာပါတယ်။တစ်ဖက်မှာလည်း "နဖုန်" ဟာ "ထတ်ချာ" နဲ့ ရင်းနှီးနေတဲ့အကြောင်း "ဝင်" တစ်ယောက်သိလိုက်ရတဲ့အခါ မာယာများတဲ့ယောကျာ်းတွေရဲ့လက်ကနေ တူမ ၂ ယောက်ကို ဘယ်လိုကာကွယ်စောင့်ရှောက်ပေးသွားမလဲ သူကိုယ်တိုင်ကရော "အွန်ရယာနီ" နဲ့ ဇာတ်လမ်းဆက်နိုင်မလားဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။