Movie Name
Ngao Hua Jai (အချစ်ရိပ်မိုးတဲ့နှလုံးသား) (အချစ်လုပွဲ) (2010)
Year
2010
Generes
Drama, Romance
Code
ST0773
Type
Series
Size
11.2 GB
Country
Thai
Description
1-16 Completed အချစ်ရိပ်မိုးတဲ့နှလုံးသား 💓💓 မြန်မာစာတန်းထိုး (စ/ဆုံး) ဇာတ်လမ်းအကျဉ်း ထိုင်းတောင်ပိုင်းမှာ အပန်းဖြေစခန်း ပိုင်တဲ့နိုင်ငံခြားသွင်းကုန်၊ ထုတ်ကုန်စက်ရုံကိုပါ ပိုင်တဲ့ မီးမာလာမှာ ဝီစဝတ်နဲ့ ဝိုင်နစ်ဆိုတဲ့ သားနှစ်ယောက်ရှိပါတယ်။ သားကြီးဝီစဝတ်က နိုင်ငံခြားက လုပ်ငန်းတွေကိုဦးစီးတဲ့သူဖြစ်ပြီး ဝိုင်နစ်ကတော့ ထိုင်းစက်ရုံမှာတာဝန်ယူရတဲ့သူပါ... ဝိုင်နစ်က သူ့အစ်ကိုဝီစဝတ်ကို အဖေတစ်ယောက်လို ကြည်ညိုလေးစားပြီးချစ်ပါတယ်။ တစ်နေ့မှာတော့ ဝိုင်နစ်ဟာ စက်ရုံအလုပ်သမလေး အန်ထိဆာကိုချစ်မိသွားခဲ့ပါတယ်။ ဒါပေမဲ့ သူ့အမေက သူတို့ညီအစ်ကိုတွေကို အဆင့် အတန်းမြင့်တဲ့သူဌေးသမီးတွေနဲ့မှလက် ထပ်စေချင်တဲ့သူဖြစ်တာမို့ သာမန် စက်ရုံအလုပ်သမလေး အန်ထိဆာကို ချွေးမအဖြစ် လက်မခံနိုင်ခဲ့ပါဘူး... ဒါကြောင့် အန်ထိဆာကို သူ့အမေလက်ခံလာအောင်ပြောပေးဖို့ သူ့အစ်ကိုကို အကူညီတောင်းခဲ့ပါတယ်။ ဒါပေမဲ့သူမသိခဲ့တာက သူချစ်တဲ့မိန်းကလေးနဲ့ သူ့အစ်ကိုကြားမှာ အတိတ်ဆိုးတွေရှိတယ်ဆိုတာပါပဲ။ ဒီလိုနဲ့ဝီစဝတ်လည်း သူ့ညီမိတ်ဆက်ပေးတဲ့ မိန်းကလေးဟာ သူ့ကိုသစ္စာဖောက်သွားတဲ့အချစ်ဦး အာရုဆာမှန်း သိသွားခဲ့ပါတယ်... ဒါပေမဲ့ အာရုဆာက အန်ထိဆာဆိုတဲ့နာမည်ကိုပြောင်းပြီး သူ့ကိုမသိသလိုပြုမူခဲ့တာကြောင့် သူ့ညီကို သူ့လိုမဖြစ်အောင်ကာကွယ်ဖို့အတွက် အန်ထိဆာရဲ့ပုံရိပ်မှန်ကို ဖော်ထုတ်ဖို့ကြိုးစားရင်း အာရုဆာ ကို တကယ်ကောမုန်းနိုင်မလား ဆိုတာ ဇာတ်လမ်းတွဲထဲမှာ ဆက်လက်ကြည့်ရှုလိုက်ရအောင်