-
Movie Name
-
Ugram (2023)
-
Year
-
2023
-
Generes
-
Action, Drama
-
Code
-
IND0753
-
Type
-
Movie
-
Size
-
1.25 GB
-
Country
-
Bollywood
-
Description
-
Ugram 2023
ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ကားလေးကတော့ IMDb 9/10 ရထားတဲ့ အိန္ဒိယကားသစ်လေးပဲ ဖြစ်ပါတယ်။
ပရိသတ်ကြီးတို့ နေ့မြင်ညပျောက်ဆိုတဲ့စကားကြားဖူးကြမှာပါ။ ဒါဟာလည်း သေဆုံးမှုကို ရည်ညွှန်းတယ်လို့ပဲ
သဘောပေါက်ထားကြပါလိမ့်မယ်။ ဒါပေမဲ့ ဒီစကားစုဟာ ဒီကားမှာတော့ ပျောက်ဆုံးမှုကို ရည်ညွှန်းတဲ့အသုံးဖြစ်သွားပါလိမ့်မယ်။
ညကလေးတင် ကားအက်ဆီးဒင့်နဲ့ကိုယ်တိုင် ဆေးရုံတင်ထားတဲ့ ဇနီးသည်နဲ့သမီးလေးဟာ နာရီပိုင်းလောက်ပဲကြာတဲ့ မ
နက်ခင်းမှာတော့ ဆေးရုံကို ဘယ်တုန်းကမှရောက်မလာဖူးတဲ့သူတွေဖြစ်လို့နေပါတယ်။
မှတ်ဉာဏ်ထဲမှာ ထင်ထင်ရှားရှားသိနေပါရဲ့နဲ့ ဒီလိုဖြစ်တာဘာလို့များပါလဲ..။ ဒါမှမဟုတ်
မင်းသားရဲ့ခေါင်းကဒဏ်ရာကြောင့်များ တစ်ယောက်တည်းဖြစ်တာကို အထင်လွဲနေတာလား…။
ဒါမှမဟုတ် လူနာတွေကို ပိုက်ဆံပဲယူပြီး လူနာရှင်နဲ့တွေ့ခွင့်မပေး ဈေးကြီးလွန်းတဲ့
ဒီဆေးရုံကြီးမှာများ လျှို့ဝှက်ချက်တွေရှိနေတာလား….။ ဒါမှမဟုတ် ရဲအုပ်ဖြစ်တဲ့မင်းသားနဲ့
ရန်ဘက်ဖြစ်တဲ့ သူ့ဇနီးသည်ရဲ့အဖေဖြစ်သူ မူးယစ်ရာဇာရဲ့ လက်ချက်များလား…။
ဒီလို သို့လောသို့လော ပဟေဠိတွေနဲ့ အချစ်/အမုန်း/ မှုခင်း/ ဆေးပညာ တွေကို စနစ်တကျပေါင်းစပ်ပြီး
တစ်ခန်းချင်းမှာ စိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ကူးထားတဲ့ကားလေးမို့ CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်နော်။