Movie Name
5CM (2012)
Year
2012
Generes
Adventure, Drama, Romance
Code
EN2733
Type
Movie
Size
808 MB
Country
Hollywood
Description
ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဘဝမှာ လက်လျှော့အရှုံးပေးချင်တဲ့ အချိန်တွေကို ကြုံဖူးကြတယ်ဟုတ်။ ဒါဆိုရင်တော့ ဒီဇာတ်ကားလေးက ပရိသတ်ကြီးတို့ရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးမှာ အသေအချာပါပဲ။ ဇာတ်ကားနာမည်ကတော့ 5CM လို့ခေါ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ သူငယ်ချင်း ၅ ယောက်က ခင်လာတာကြာပြီးတော့ အမြဲလိုလို အတူအချိန်ဖြုန်းဖြစ်ကြတယ်။ အတူတူစားကြသောက်ကြ လည်ကြပတ်ကြနဲ့ပေါ့။ တစ်နေ့မှာတော့ အဲဒီ ၅ ယောက်ထဲက ဂျန်တာ့ဆိုတဲ့တစ်ယောက်က သူတို့တွေ comfort zone က ရုန်းထွက်ဖို့လိုတယ်၊ နေ့တိုင်းတွေ့နေရင် ရိုးအီသွားမယ်၊ ဒါကြောင့် သူတို့တွေ ခဏလောက် ခွဲနေရအောင်ဆိုပြီး အကြံပြုလာခဲ့တယ်။ ကျန်တဲ့ ၄ ယောက်ကလည်း သူပြောတာကို ထောက်ခံကြပြီး ၃ လ အဆက်အသွယ်မလုပ်ကြဖို့ သဘောတူလိုက်ကြတယ်။ ၃ လအတွင်းမှာ ကိုယ့်ဘဝကိုယ် တိုးတက်ပြောင်းလဲစေမယ့်အရာတွေကို လုပ်ကြတော့တာပေါ့။ ၃ လပြည့်လို့ ပြန်တွေ့ကြတဲ့အခါ သူတို့ ၅ ယောက်က ခရီးတစ်ခု ထွက်ကြပါတယ်။ ဂျာဗားရဲ့ အမြင့်ဆုံးတောင်ထိပ်ဖြစ်တဲ့ မဟာမယ် ရူတောင်ကို တက်ကြတာပေါ့။ ဒီတောင်တက်ခရီးက ဘယ်လောက် တောင် ခက်ခဲကြမ်းတမ်းပြီးတော့ သူငယ်ချင်း ၅ ယောက်က အခက်အခဲ တွေကို ဘယ်လိုကျော်ဖြတ်ကြမလဲဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာ စိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ရက်ရှည်တောင်တက်ခရီးက သူငယ်ချင်း ၅ ယောက်နဲ့ ကြည့်ရှုသူပရိသတ်တွေကို ဘာတွေပြောပြ ပေးသွားမလဲဆိုတာကိုတော့ ကိုယ်တိုင်ကြည့်ရှုရင်း လေ့လာလိုက်ပါနော်။