Movie Name
Begum Jaan (2017)
Year
2017
Generes
Action, Drama
Code
00274
Type
Movie
Size
851 MB
Country
Bollywood
Description
ဒီတစ်ခါတော့ ဘောလီဝုဒ်ဖန်တွေအတွက် ၂၀၁၇ထွက် အလန်းစား တစ်ကားကို တင်ဆက်ပေးထားပါတယ်။#ဒီဇာတ်ကားက အက်ရှင်ဇာတ်ကား တစ်ကား မဟုတ်ပါဘူး #ဒီဇာတ်ကားက အနုအရွလေးတွေပါတဲ့ ဒရာမာကား တစ်ကား မဟုတ်ပါဘူး။ #နှစ်ချို့ဝိုင်လို စူးရှရှ ခပ်ပြင်းပြင်းနဲ့ တကယ့် အနှစ်တွေပါတဲ့ ဇာတ်ကားတစ်ကားပါ (ဝိုင်ဘယ်လို အရသာရှိလဲ မသိဘူးနော် :p)ဒီဇာတ်ကားဟာ ၁၉၄၇ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဖြစ်ရပ်မှန် အဖြစ်အပျက်တစ်ခုကို အခြေခံရိုက်ကူးထားတာပါ။ ၁၉၄၇ ခုနှစ်မှာ အိန္ဒိယကို အုပ်ချူပ်နေတဲ့ ဗြိတိသျှနောက်ဆုံး ဘုရင်ခံဟာ အိန္ဒိယ နိုင်ငံကြီးကို အိန္ဒိယ-ပါကစ္စတန် ဆိုပြီး နှစ်နိုင်ကွဲထွက်သွားအောင် နှစ်ခြမ်းခွဲခဲ့ပါတယ်။နိုင်ငံ တစ်နိုင်ငံကနေ အစစအရာရာဟာ နှစ်ပိုင်းဖြစ်ပြီး နယ်စပ်မျဉ်း နှစ်ကြောင်းရေးဆွဲကာ သံဆူးကြိုးတွေကာရံခဲ့ပါတယ်။အရာရာကို နှစ်ခြမ်းခွဲခဲ့ပေမယ့် နယ်စပ်မျဉ်း နှစ်ကြောင်းလုံးပေါ်မှာ တည်ရှိနေတဲ့ အိမ်တစ်ခု ရှိနေပါတယ် အဲ့ဒါကတော့ #ဘေဂွန်ဂျမ်းရဲ့ ဆောင်ကြာမြိုင်ပါပဲ။#ဘေဂွန်ဂျမ်းဆိုတာ ငယ်ဘဝကတည်းက ဒုက္ခကို မိတ်ဖွဲ့ပြီး ဘဝကို ဒေါင်ကျကျပြားကျကျ ဒူပေဒဏ်ပေခံလာသူ တစ်ယောက်။#ဘေဂွန်ဂျမ်းဆိုတာ သတို့သမီးဘဝနဲ့ မွေးရပ်မြေက စွန့်ခွာသွားခဲ့ရပေမယ့် ကံကြမ္မာဆိုးကြောင့် ပြည်တန်ဆာခေါင်း တစ်ယောက်အဖြစ်နဲ့ ဇာတိကို ပြန်လာခဲ့ရသူတစ်ယောက်။#ဘေဂွန်ဂျမ်းဆိုတာ ဥပဒေက သူ့ကို ပြန်ကြောက်နေရတဲ့သူ တစ်ယောက်။#ဘေဂွန်ဂျမ်းဆိုတာ ဘုရင်ကိုယ်တိုင်က ကောင်းချီးပေးထားရသူ တစ်ယောက်။အဲ့ဒီလို ဘေဂွန်ဂျမ်းလို လူမျိုးရဲ့ ဆောင်ကြာမြိုင်ဟာ နယ်စပ် စစ်ဆေးရေးဂိတ်တွေ ဆောက်လုပ်မှာမို့ မဖြစ်မနေ နှစ်ခြမ်းခွဲမှကို ဖြစ်လာတဲ့အခါဘေဂွန်ဂျမ်းနဲ့ ပြည်တန်ဆာ ၁၁ယောက် ဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲဆိုတာကတော့ ………့( ဇာတ်လမ်းကတော့ Age Rating က 15+လို့တော့ ပြောထားပေမယ့် ဇာတ်လမ်းထဲမှာ အသုံးအနှုန်းတွေ ကြမ်းပါတယ် တချို့ဇာတ်ဝင်ခန်းတွေ လန်းပါတယ်