Movie Name
30 Minutes Or Less (2011)
Year
2011
Generes
Action, Comedy, Crime
Code
EN2736
Type
Movie
Size
600 MB
Country
Hollywood
Description
IMDb – 6.1/10 Rotten Tomatoes -45% ချက်ကြီးဟာမူလတန်းကျောင်းဆရာတစ်ယောက်။ ချက်ကြီးဘော်ဒါငှက်ကြီး(နစ်ခ်) ကပီဇာဆိုင်မှာ ဒယ်လ်လီဗာရီပို့တဲ့သူ။ ဒီဘဲနှစ်ပွေကငယ်ငယ်လေးတည်းက ခင်ခဲ့တဲ့ ငယ်ပေါင်းကြီးဖော်တွေ။ တစ်ဖက်မှာလည်း ဘုရင်ကြီးဒွီဝိန်းနဲ့သူ့နောက်လိုက်တပည့်ကျော်ထရားဗစ်ဆိုတာ ရှိသေးတယ်။ချက်ကြီးတို့လို ငယ်ပေါင်းကြီးဖော် တွေပဲ။ ဘုရင်ကြီးတို့က ၁၀၉-၁၁၀ တွေ။ သူ့ဖားသားကြီး အငြိမ်းစားဗိုလ်မှူးအိမ်မှာ လက်တိုလက်တောင်းလေး လုပ်ပြီးခိုကပ် နေတဲ့ဘဲတွေ။ဘိုးတော်ကြီးကထီပေါက်ထားပြီး ထောနေတော့ ၁၀၉-၁၁၀ ကောင်တွေကို ရှယ်ဟောက်တာပေါ့။ အလုပ်မရှိအကိုင်မရှိအာဝါးဒါးရိုက်မနေနဲ့ အဖြစ်ရှိအောင်လုပ် ဘာညာပေါ့ဗျာ။ ဘုရင်ကြီးလည်း ပွားခံရပါများတော့ ဘိုးတော်ကြီးကို ကပ်တိုးလေးအသည်းပေါက်နေတယ်။ မြေနိုးကြီး သေရင် အမွေတွေရမယ် သူလည်းသူဌေးတန်းဖြစ်မယ်ပေါ့။ အဲဒါနဲ့ဘိုးတော်ကြီးကို လုပ်ကြံဖို့အကြံထုတ်တယ်။ ထုတ်တဲ့အကြံထဲမှာ ပီဇာပို့တဲ့ ငှက်ကြီး(နစ်ခ်)က မဆီမဆိုင် သားကောင်ဖြစ်သွားတယ်။ ချက်ကြီး၊ငှက်ကြီးတစ်ဖွဲ့ အကြံကြီးတဲ့ဘုရင်ကြီးတို့ကတစ်ဖွဲ့ ဂတုံးပေါ် ထိပ်ကွက်ဖို့ကြိုးစားကြတာတွေ တခွီခွီနဲ့ကြည့်ရမှာဖြစ်တယ်။ ဒီရုပ်ရှင်မှာ The Social Network, Justice League, Now you see me ဇာတ်ကားတွေမှာပါဝင်တဲ့ Jesse Eisenberg က ငှက်ကြီးအဖြစ်ပါဝင်ထားပြီး Master of None series မှာ နာမည်ကြီးတဲ့ Aziz Ansari က ချက်ကြီးအဖြစ်ပါဝင်ပြီး တခြား ဟောလိဝုဒ်မှာနာမည်ကျော်ဟာသသရုပ်ဆောင်များစွာပါဝင်ထားပါတယ်။ Box Office မှာလည်းဒေါ်လာသန်း၄၀ကျော်ရရှိထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။