-
Movie Name
-
Bhoomi (2017)
-
Year
-
2017
-
Generes
-
Action, Drama
-
Code
-
00275
-
Type
-
Movie
-
Size
-
0.99 GB
-
Country
-
Bollywood
-
Description
-
Bhoomi ဆိုတာ့ အာဂ်ရမြို့ရဲ့ ဖိနပ်ဆိုင်လေး တစ်ဆိုင်ရဲ့ နာမည်။ဆိုင်ပိုင်ရှင်နာမည်က အာရွှန်ဆိုတဲ့ အသက်ကြီးပိုင်း လူကြီးတစ်ယောက်ဆိုင်နာမည်ကိုတော့ သူအချစ်ဆုံး မိတဆိုး သမီးလေးရဲ့ နာမည်ကို ပေးထားတာBhoomi ဆိုတဲ့ကောင်မလေးကတော့ ပညာတတ်ငယ်ငယ်ရွယ်ရွယ်နဲ့ အချောအလှလေးအဖေဖြစ်သူက ဖိနပ်ဆိုင်ပိုင်ပေမယ့် ကိုယ့်အလုပ်ကိုယ်လုပ်တယ် ချစ်သူကလည်း ရှိတော့ မကြာခင်မှာ လက်ထပ်ဖို့ ရည်ရွယ်ထားတယ်။သာသာယာယာ ဘဝလေးထဲကို ဝင်လာတဲ့ ပြသနာကတော့ဗီရှဲလ့် အင်း့ ဗီရှဲလ်ဆိုတာ ဘူမီတို့ ပတ်ဝန်းကျင်က ရွယ်တူ ကောင်လေးတစ်ယောက့်ဘူမီကို ချစ်ခွှင့်အကြိမ်ကြိမ်ပန်ခဲ့ပေမယ့့် ဘူမီက သူငယ်ချင်းတစ်ယောက်လိုပဲ သတ်မှတ်ပြီး ငြင်းခဲ့တယ့်အယုတ်တမာ ဗီရှဲလ်က လက်မခံပဲ့ သူ့အစ်ကို ဝမ်းကွဲဖြစ်တဲ့ ဒိုလီဆီက အကူအညီတောင်းခဲတယ့်ဒိုလီ့ ” လွယ်လွယ်နဲ့နိုင်မယ့် ကစားပွဲတွေကို ငါဝင်မဆော့ဘူး အရှုံးဆိုတဲ့ အငွေ့အသက်ပါမှ အနိုင်ဆိုတာ ချိုမြိန်တာကွ့”ဒိုလာပူးရ်ရဲ့ လူဆိုးလူမိုက် ဖြစ်တဲ့ ဒိုလီရဲ့ အကူအညီနဲ့ ဗီရှဲလ်ဟာ ဘူမီကို မင်္ဂလာမဆောင်ခင်ညမှာ အုပ်စုဖွဲ့ အဓမ္မကျင့်လိုက်ပါတယ်။အဲ့ဒီညမှာ ဖြစ်ခဲ့တဲ့ အဖြစ်တွေကို ဘာဖြစ်လို့ ဖြစ်နေမှန်း ရေရေရာရာ မသိခဲ့ဘူး သတိမေ့နေခဲ့တယ် သူကိုယ်သူ ဘာဖြစ်သွားလဲ သိပေမယ့် ဘယ်သူ့လက်ချက်လဲ မသိခဲ့ဘူး့မင်္ဂလာဆောင်မှာ အားလုံးပျော်ပျော်ရွှင်ရွှင်ဖြစ်နေပေမယ့် အသက်မဲ့နေတဲ့ ဘူမီဟာ သူ့ချစ်သူကို အကြောင်းစုံ ပြောပြခဲ့ပါတယ့်ဒီအချိန်မှာ ချစ်လှပါတယ်ဆိုတဲ့ ချစ်သူက မင်္ဂလာပွဲကို ဖျက်ပြီး ပြန်သွားလိုက်တော့တယ့် ရဲစခန်းမှာ အမှုဖွှင့် တရားရုံးထိရောက်ခဲ့ပေမယ့် တရားခံတွေကို ဖမ်းမိခဲ့ပေမယ့် သက်သေအထောက်အထား မပြနိုင်လို့ ပြန်လွတ်သွားခဲ့တယ်တရှက်က နှစ်ရှက်ဆိုသလို အရှက်ကွဲ အကျိုးနည်း ဖြစ်ခဲ့ပြီး ပတ်ဝန်းကျင်မှာ မျက်နှာမပြနိုင်အောင် ဖြစ်ခဲ့တယ်နောက်ဆုံး အာရွန်အနေနဲ့ လူယုတ်မာတွေကို သမီးအတွက် ကိုယ်တိုင်အပြစ်ပေးဖို့ ဖြစ်လာခဲ့ပါတော့တယ့်(#သမီးတစ်ယောက် အပေါ်မှာထားတဲ့ အဖေတစ်ယောက်ရဲ့ မေတ္တာတရားကို အကောင်းဆုံး ဖေါ်ကြူးတင်ဆက်ထားပါတယ်။၁၅၀၀မေတ္တာနဲ့ ၅၂၈ရဲ့ ကွာခြားမှု၊ အရေးအကြောင်းဆို ကိုယ့်ဘေးမှာ ရပ်တည်ပေးနိုင်တာ ကိုယ့်မိဘပဲဆိုတာ အကောင်းဆုံး ပြသသွားပါတယ်။မင်းသားကြီး ဆန်ဂျေးဒက် နဲ့ မင်းသမီး အဒီသီရာဟို ကလည်း အကောင်းဆုံး ပါဝင်သရုပ်ဆောင်ထားပါတယ်။အကြိုက်ဆုံးကတော့ လူယုတ်မာကောင်တွေကို အားရပါးရ နွှာတာပါပဲ့#Bollywood ကားကောင်းကောင်းတွေ ကြည့်ချင်တယ်ဆို ဒီဇာတ်ကားကို လုံးဝ လက်လွတ်မခံပါနဲ့လို ပြောချင်တယ်။)