Movie Name
Girl Interrupted (1999)
Year
1999
Generes
Biography, Drama
Code
EN2754
Type
Movie
Size
813 MB
Country
Hollywood
Description
Girl, Interrupted (1999) ~ IMDb – 7.3/10, Rotten Tomatoes – 53% Angelina Jolie နဲ့ Winona Ryder တို့ရဲ့ ငယ်ရုပ်တွေကိုပြန်မြင်ရမယ့်ရုပ်ရှင်‌လေးဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ တကယ့်လက်တွေ့ဘဝမှာ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက် ကြုံခဲ့ရတဲ့ စိတ်‌ပိုင်းဆိုင်ရာအခက်အခဲအတွေ့အကြုံတွေကို ဇာတ်လမ်းလေးအတိုင်း အဖိအဖော့မှန်မှန်ရိုက်ပြသွားနိုင်တဲ့ ကားကောင်းလေးတစ်ကားပါပဲ။ ဒီရုပ်ရှင်ကို နာမည်တူ Girl, Interrupted ဆိုတဲ့ 1993 ခုနှစ်က အရောင်းရဆုံး ကိုယ်တွေ့မှတ်တမ်းစာအုပ်အပေါ် အခြေခံရိုက်ကူးထားတာပါ။ စာရေးသူက ဆူဇန်နာကေဆန် ဖြစ်ပြီး ရုပ်ရှင်ထဲမှာလည်း နာမည်အရင်းတွေပဲသုံးသွားပါတယ်။ စာအုပ်ပေါ်အခြေခံရိုက်တဲ့ရုပ်ရှင်တွေဆိုရင် စာအုပ်ကပိုကောင်းနေတတ်တာတွေ ခပ်များများဗျ။ ဒါကျမတူဘူး။ စာအုပ်ကော ရုပ်ရှင်ပါ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကောင်းနေတာမျိုး။ ကျွန်တော့်အမြင်အရဆိုရင်တော့ စာအုပ်ထက် ရုပ်ရှင်က ပိုကောင်းတယ်လို့ခံစားရတယ်။ စာအုပ်ထဲမှာက ကိုယ်တွေ့မှတ်တမ်းဆိုတဲ့အတိုင်း အခန်းတွေကပြန့်ကျဲနေတာ… ဘာဇာတ်ကွက် လှည့်ကွက် ဘာမှကိုမပါနေဘူး။ ဇာတ်ရှိန်တက်မယ့်နေရာတွေဆို ဝေလာဝေး။ ဒီနေရာမှာ သူက ဒီလိုလုပ်ခဲ့တာ သူကဘယ်လိုဖြစ်တာ၊ ဘယ်နေရာမှာကဘာရှိတယ် ဘယ်သူကဘယ်လို အဲဒီလိုတွေချည်းစုရေးပြထားတယ်။ စိတ်ဝင်စားဖို့ကောင်းပေမဲ့ ဇာတ်လမ်းလို ဇာတ်သွားမျိုးမရှိနေဘူး။ စာရေးသူ စိတ်ဆေးရုံကိုရောက်နေတုန်း ကြုံရသမျှအဖြစ်အပျက်တွေကို Timeline မရှိဘဲနဲ့ ကြုံသလို မှတ်တမ်းပီပီရေးပြထားတာမျိုးပေါ့။ ရုပ်ရှင်ကကျ မတူတော့ဘူး။ အဲဒီလိုပြန့်ကျဲနေတဲ့အခန်းတွေကို Timeline တစ်ခုအနေနဲ့စီပြီး ဇာတ်ရှိန်တက်တာ ကျတာတွေကို တခုချင်းဆွဲခေါ်သွားတယ်။ သရုပ်ဆောင်တွေကလည်းစိတ်ရောကိုယ်ပါနစ်ထားတာသိသာပါတယ်။ Angelina Jolie ကိုယ်တိုင်က Sociopath mood သွင်းတာလေးမပျောက်အောင် ရိုက်ကွင်းမှာဘယ်သူနဲ့မှတောင်အဆက်အဆံမလုပ်ဘဲ နေခဲ့တယ်ဆိုသဗျ။ ဒီရုပ်ရှင်ဟာ စာအုပ်နဲ့ ၏သည်မရွေး တစ်ထပ်တည်းမတူနေပေမယ့် ဇာတ်ကျောကိုတော့ ထပ်တူကျလောက်အောင် ဇာတ်လမ်းရုပ်ရှင်ပီပီ ရိုက်ပြထားနိုင်ပါတယ်။ ဒီရုပ်ရှင်ရဲ့ ဆူဇန်နာကေဆန်နေရာက သရုပ်ဆောင်တဲ့ Winona Ryder က စာအုပ်ကိုအရူးအမူးကြိုက်လွန်းလို့ မူပိုင်ခွင့်ကိုပါဝယ်ပြီး ရုပ်ရှင်ရိုက်ဖို့ နှစ်နဲ့ချီစောင့်ခဲ့တယ်လို့ဆိုတယ်။ ရိုက်ခွင့်ရတဲ့အချိန်မှာလည်း Logan, 3:10 Yuma, Ford vs Ferrari, ပြီးတော့ အခု Indiana Jones ‌And The Dial of Destiny ရုပ်ရှင်တွေကို ရိုက်တဲ့ ဒါရိုက်တာ James Mangold နဲ့ရိုက်ခဲ့ပါတယ်။ အဲဒီတုန်းကတော့ ရှေ့ကပြောခဲ့တဲ့ကားတွေမရိုက်ရသေးဘူးပေါ့နော်။ လီဆာ နေရာမှာ သရုပ်ဆောင်တဲ့ Angelina Jolie ကလည်း ဇာတ်ပို့သရုပ်ဆောင်နေရာအတွက် အော်စကာဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့ပြီး အခြားဆန်ကာတင်ဆုပေါင်းများစွာလည်း ဝင်ခဲ့ပါတယ်