-
Movie Name
-
The Last Princess (ခရောင်းလမ်းမှ ချစ်မေတ္တာ) (2023)
-
Year
-
2023
-
Generes
-
Drama, Historical, Romance
-
Code
-
SC0640
-
Type
-
Series
-
Size
-
12.5 GB
-
Country
-
China
-
Description
-
1-35 Completed
ချစ်တဲ့သူကို ကာကွယ်ပေးနိုင်ဖို့အတွက် လုံလောက်တဲ့အင်အားရှိမှဖြစ်မယ်
❣️အခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးက တရုတ်ပြည်ရဲ့ ၂၀ရာစုခေတ်ကာလကို နောက်ခံပြီးရိုက်ကူးထားတဲ့ ရိုမန်တစ်ဒရမ်မာလေးပဲဖြစ်ပါတယ်နော်
❣️၂၀ ရာစုခေတ်ကာလ တိုင်းပြည်စီးပွားရေးအခက်ကြုံနေစဉ်မှာ တော်၀င်မျိုးဆက်တစ်ယောက်ဖြစ်တဲ့ ကျင်းယွိရုံက အများပြည်သူတွေကို ကယ်တင်ပေးလိုတဲ့ ဆရာ၀န်မလေးတစ်ယောက်ဖြစ်ချင်ခဲ့ပါတယ်
❣️ကျင်းယွိရုံက အခက်အခဲတွေ့သူအားလုံးကို တတ်စွမ်းသမျှ ကယ်တင်ပေးချင်သူဖြစ်ပြီး တနေ့မှာ သူ့လိုပဲ စိတ်ထားရှိတဲ့ ကျောက်အိမ်တော်ရဲ့သား ကျောက်ကျန့်နမ် နဲ့ တွေ့ဆုံခဲ့ပါတယ်
❣️သူတို့နှစ်ယောက်သိကျွမ်းပြီး အပြန်အလှန်စိတ်၀င်စားခဲ့ကြပေမဲ့ ခေတ်ပျက်ကာလရဲ့အခြေအနေကြောင့် မဖြစ်မနေကွဲကွာခဲ့ကြရပါတယ်
❣️ကျင်းယွိရုံဟာ သူ့ရဲ့ရည်ရွယ်ချက်အတိုင်း အများပြည်သူကိုကယ်တင်ဖို့ ပိုထက်မြက်တဲ့ ဆရာ၀န်မလေးဖြစ်အောင် ကြိုးစားနေဆဲလမ်းမှာ အခက်အခဲတွေအများကြီးကိုဖြတ်သန်းနေခဲ့ရပါတယ်
❣️တစ်ဖက်မှာ ကျောက်ကျန့်နမ်ကတော့ သူချစ်ရတဲ့သူကို ဖွင့်ပြောနိုင်ဖို့အတွက် လုံလုံလောက်လောက်ကာကွယ်နိုင်ဖို့အတွက် အင်အား အာဏာအပြည့်အ၀ရှိတဲ့ ဗိုလ်မှူးတစ်ယောက်အနေနဲ့ပြန်လာခဲ့ပါတယ်
❣️ဒီလိုနဲ့ သူတို့နှစ်ယောက် ပြန်ဆုံတဲ့အခါ တစ်ယောက်ကိုတစ်ယောက် ရင်ထဲကစကားတွေဖွင့်ပြောနိုင်ပါ့မလား အဆင့်အတန်းချင်းကွာခြားတဲ့သူတို့နှစ်ယောက်ကြားမှာ ဘယ်လိုအထင်လွဲမှုတွေဖြစ်ပေါ်လာမလဲ
အပြန်အလှန်ချစ်ကြရက်နဲ့ အခြေအနေကြောင့် ၀န်မခံကြတဲ့ သူတို့နှစ်ယောက်ကြားမှာ သ၀န်တိုမှုလေးတွေ ဖြစ်လာတဲ့အခါ ...........
❣️ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ အချိုတွေစားပြီး ရှာလကာရည်တွေ သောက်ရမဲ့ကားလေးဖြစ်တာမို့ ပရိတ်သတ်ကြီး အတူလိုက်ပါကြည့်ရှုပေးကြပါဦး ❣️