Movie Name
A Most Wanted Man (2014)
Year
2014
Generes
Crime, Drama, Thriller
Code
00503
Type
Movie
Size
851 MB
Country
Hollywood
Description
ဒီဇာတ်ကားကတော့ IMDb rating 6.9/10 ရရှိထားပြီး Rotten Tomato မှာ 88% ရရှိထားတော့ Roger Ebert မှာတော့ 2.5/4 ဆိုတော့ ကြည့်ရှုသင့်တဲ့ဇာတ်ကားအမျိုးအစားထဲမှာပါဝင်ပြီး ဇာတ်လမ်း အမျိုးအစားကတော့ Action ဖြစ်တာကြောင့် Action ကားကြိုက်တဲ့ ပရိတ်သတ်တွေကိုတော့ အကြိုက်တွေ့စေမှာပါ။ပြီးတော့ ဒီဇာတ်ကားက ၉/၁၁ အကြမ်းဖက်မှုအပြီးရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ဂျာမန်လျှို့ဝှက်ထောက်လှမ်းရေးမှူးကြီး ဂန်သာ အဖြစ် မင်းသားကြီး Philip Seymour Hoffman က အဓိကပါဝင်သရုပ်ဆောင်ထားပြီး မင်းသမီးကတော့ လူသားခြင်းစာနာထောက်ထားသူရှေ့နေ အန်နာလ်ဘယ်ရစ်ချာ အဖြစ် မင်းသမီး Rachel McAdams ကပါဝင်သရုပ်ဆောင်ထားပြီး ဂျာမန်ပုဂ္ဂိုလ်လိက ဘဏ်လုပ်ငန်းရှင်သဌေးကြီးအဖြစ် Spider-Man ပထမဆုံးဇာတ်ကားထဲက လူဆိုးကြီးဒေါက်တာNorman Osborn အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Willem Dafoe ကသရုပ်ဆောင်ပေးထားပါတယ်။ တခုထူးခြားတာကအဓိက မင်းသားအဖြစ်သရုပ်ဆောင်ခဲ့တဲ့ Philip Seymour ဟာ ဒီကားထဲမှာ ဝပြီးကြည့်လိုက်လျှင် အရက်နာကျနေတဲ့ပုံပေါက်သော်လည်း မထင်မှတ်လောက်အောင်ပေါ့ပေါ့ပါးပါးနဲ့သရုပ်ဆောင်သွားတာကိုလည်းတွေ့ရှိရပါတယ်။ အကြမ်းဖက်သမားဖြစ်သူအဖေဖြစ်သူ၏ ကျန်ရှိခဲ့သော ပိုက်ဆံများကို ဘာလင်ရှိ ပုဂ္ဂိုလိကဘဏ် တခုတွင် အပ်ထားရာ ထိုပိုက်ဆံများကို ကျန်ရစ်သူ သားဖြစ်သူ ကားပေါ့ခ် မှ စာတစောင်ဖြင့် ထိုပိုက်ဆံများကိုထုပ်ယူပြီး အကြမ်းဖက်အဖွဲ့ များအား ပိုက်ဆံများထောက်ပံပေးနေသော သူဌေး အယောင်ဆောင် အကြမ်းဖက် အဖွဲ့၏ ကိုယ်စားလှယ်အား ပိုက်ဆံများ လွဲပြောင်းပေးရန်ကြိုးစားမှုကို ဂျာမန်အေးဂျင့်စုံထောက်ကြီး ဂန်သာ တဖြစ်လဲ Philip Seymour ကအချိန်မီတားဆီးဖော်ထုပ်နိုင်မလား အမေရိကန် စုံထောက်အဖွဲ့ CIA ၏ဝင်ရောက်ခြေရှုပ်မှုများကိုရော ဘယ်လိုဖြေရှင်းမလဲ ကိုတော့ ပရိတ်သက်ကြီးက ဆက်လက်ရှစားရမှာပါ။