Movie Name
Back From The Brink (ကြမ္မာထုံးဖွဲ့လေသော မေတ္တာနှလုံးသား)(နဂါးဆိုးရဲ့ကိုယ်ရံတော်)(2023)
Year
2023
Generes
Drama, Historical, Romance
Code
SC0645
Type
Series
Size
15.8 GB
Country
China
Description
1-40 Completed ဒီတစ်ခါ CM Chinese Fanလေးတွေအတွက် တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့… နူးညံ့သိမ်မွေ့ပြီး ပြေပြစ်ချောမောလှတဲ့ အချစ်ကြီးတဲ့ နှစ်ပေါင်းထောင်ချီ မိစ္ဆာနဂါး ‘ထျန်းယောက်’အဖြစ် မင်းသား Neo Hou ထက်မြက်သွက်လက်ပြီး ဆွဲဆောင်မှုရှိတဲ့ မိန်းမပျိုလေး ‘ယန့်ဟွေ’အဖြစ် မင်းသမီး Zhou Ye လနတ်သမီးပမာ လှပပြီးတော့ ကွမ်ဟန်ဂိုဏ်း ဂိုဏ်းချုပ် ‘စုယင်’အဖြစ် မင်းသမီး Yang Rong တို အဓိက ပါဝင်သရုပ်ဆောင်ထားကြတဲ့ Back From The Brink ဆိုတဲ့ XianXia ကားလေးပဲ ဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀က ထျန်းယောက်ဟာ သူ ချစ်ရသူဖြစ်တဲ့ ကွမ်ဟန်ဂိုဏ်း ဂိုဏ်းချုပ် စုယင် သစ္စာဖောက်တာကို ခံလိုက်ရပြီး သူ့ရဲ့ နဂါးအကြေးခွံတွေ နဂါးအရိုးတွေအပါအဝင် ခန္ဓာကိုယ်ရော ဝိညာဉ်ရော အပိုင်းပိုင်း ဖျက်ဆီးခံလိုက်ရပြီးတော့ အရပ်လေးမျက်နှာမှာ တံဆိပ်ခတ်ချုပ်နှောင်တာကို ခံလိုက်ရတယ်… ဒါပေမဲ့လည်း ကံကောင်းထောက်မစွာနဲ့ပဲ သူ့ရဲ့ဝိညာဉ်က လွတ်မြောက်လာခဲ့တယ်… အဲ့ဒါနဲ့ သူက ရွာတစ်ရွာက ရေကန်ထဲမှာ ချုပ်နှောင်ခံထားရတဲ့ သူ့ရဲ့ နဂါးအရိုးကို ခံစားမိပြီးတော့ မလွဲသာတဲ့ အခြေအနေကြောင့် ကလေးယောကျာ်းလေးထဲ ဝင်ပူးပြီး နဂါးအရိုးကို ပြန်ယူဖို အခွင့်အရေးကို စောင့်နေခဲ့တယ်… အဲ့ဒီနောက် အမှားကို ကျူးလွန်မိလို ဆရာ့ဂိုဏ်းကနေ မောင်းထုတ်ခံလိုက်ရတဲ့ ယန့်ဟွေနဲ့ အချစ်ကြောင့် စိတ်ဒဏ်ရာရထားတဲ့ ထျန်းယောက်တို ဆုံတွေ့သွားကြတဲ့ အခါမှာ ဘယ်လိုစိတ်ဝင်စားစရာ ဇာတ်လမ်းလေးတွေဖြစ်လာမလဲ ယန့်ဟွေမှာ နှလုံးကို ကာကွယ်ပေးတဲ့ နဂါးအကြေးခွံကို ပိုင်ဆိုင်ထားမှန်း ထျန်းယောက် မတော်တဆသိသွားတဲ့အခါမှာအမှတ်တံဆိပ်ခတ် ချုပ်နှောင်ခံထားရတဲ့ သူ့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ပြန်ယူဖိုအတွက် မျှော်လင့်ချက်ရှိလာခဲ့ပြီး ယန့်ဟွေကို နည်းပေါင်းစုံနဲ့ အတင်းအကြပ် ကူညီစေခဲ့တဲ့ နောက်ပိုင်းမှာ ဘာတွေဆက်ဖြစ်လာမလဲ အဲ့ဒီ အစွမ်းအစကို ပိုင်ဆိုင်ထားတဲ့ ယန့်ဟွေကရော ထျန်းယောက်ရဲ့ အသုံးတော်ခံဖြစ်ပြီးတဲ့နောက်မှာ ဘယ်လိုဖြစ်ရပ်တွေနဲ့ ကြုံတွေ့ရမလဲ…ခန္ဓာကိုယ်အစိတ်အပိုင်း ရှာပုံတော် ခရီးစဥ်တစ်လျှောက် တစ်ဦးအပေါ်တစ်ဦး မေတ္တာသက်ဝင်လာတဲ့အခါမှာ ဘယ်လိုရင်ခုန်စရာ အခိုက်အတန့်လေးတွေဖြစ်လာမလဲ… စုယင်နဲ့ ယန့်ဟွေရဲ့ ဆရာဖြစ်သူ လင်ရှောင်းတိုကြားမှာရော ဘယ်လိုပတ်သက်မှုတွေ ရှိနေမလဲ ချစ်သူရဲ့ သစ္စာဖောက်မှုကြောင့် အေးစက်သွားတဲ့ မိစ္ဆာနဂါးကြီးရဲ့ နှလုံးသားကို နေမင်းပမာ နွေးထွေးတဲ့ မိန်းကလေးက ဘယ်လိုအရည်ပျော်သွားအောင်လုပ်မလဲ… ချစ်ခြင်းမေတ္တာ၊ အမုန်း၊ ရန်ငြိုး၊ ကလဲ့စားဘာညာ ခွေးသွေးအစုံပလုံအပြင် ဟာသလေးတွေ နှောပြီး ခွေးစာအချိုတွေလည်း ရှယ်ကျွေးမဲ့ ရသပေါင်းစုံ ခံစားရမဲ့ XianXiaကားလေးကိုတော့ CMကနေ စောင့်မျှော် ကြည့်ရှု အားပေးကြပါဦးနော် အိုက်နီ~❤️