Movie Name
UMG (2023)
Year
2023
Generes
Romance, Sci-Fi
Code
ST0777
Type
Series
Size
3.71 GB
Country
Thai
Description
1-10 Completed UMG (2023) Cast မြူအဖြစ် Nanon Korapat Kirdpan အန်းအဖြစ် Milk Pansa Vosbein ဖာစိုင်အဖြစ် Namtan Tipnaree Weerawatnodom Synopsis ဒီနှစ်ပိုင်းတွေမှာ မတူကွဲပြား‌တဲ့ genre မျိုးစုံချ‌ပြနေတဲ့ GMMTV ကနေ အခုတစ်ခါမှာ ထူးထူးဆန်းဆန်း Sci-Fi ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်လိုက်ပါပြီ။ လွန်ခဲ့တဲ့ ၈ နှစ်တုန်းက မြူဆိုတဲ့ကောင်လေးမှာ အန်းဆိုတဲ့ ချစ်ရသူ သူငယ်ချင်းမလေး တစ်‌ယောက်ပဲရှိခဲ့တာပါ။ အရမ်းချစ်ပြီး အရမ်းခင်ရပေမဲ့ တစ်နေ့မှာတော့ မြေပြိုပါတယ်ဆိုတဲ့ အကြောင်းရင်းနဲ့ မြူရဲ့တစ်ဦးတည်းသော bff မလေး ပျောက်ကွယ်ခဲ့ရပါတယ်။ နောက် ၈ နှစ်အကြာ လက်ရှိကာလမှာ မြူဟာ သူငယ်ချင်း‌ဆိုလို့ ဂျက်ပဲရှိတဲ့ မျက်နှာသေကြီးနဲ့ကောင်လေးဖြစ်လာပါတယ်။ တစ်နေ့မှာ သူတို့နှစ်ယောက် ရန်ပွဲထဲပါသွားတော့ အပြစ်ပေးခံရတဲ့အနေနဲ့ Documentary ရိုက်ဖို့ တာဝန်ပေးခံရပါတော့တယ်။ Documentary ကလည်း ရိုးရိုး‌တန်းတန်းမဟုတ်ဘဲ ထူးခြားဆန်းကြယ်ဖော်ထုတ်ရေးကလပ်က ကြယ်ကြွေလို့ ဂြိုဟ်သားတွေပေါ်‌လာရင် ဖမ်းမယ့်အကြောင်းဖြစ်ပြီး သွားရိုက်ရမယ့်နေရာကလည်း သူ့ bff အန်းပျောက်ခဲ့တဲ့နေရာဖြစ်နေတာပါ။ မြူတစ်ယောက် ကလပ်အဖွဲ့သားတွေနဲ့အတူ မလိုက်ချင်လိုက်ချင် လိုက်ခဲ့ရာမှ လွန်ခဲ့တဲ့ ၈ နှစ်လို မြေပြိုမှုပြန်ဖြစ်ပြီး အန်းနဲ့ပါ ပြန်ဆုံတဲ့အခါ… လက်ရှိအန်းမှာလည်း ထူးဆန်းပြီး သံသယဝင်စရာကောင်းတာတွေ ရှိနေတဲ့အခါ… လွန်ခဲ့တဲ့ ၈ နှစ်က အန်းဘာကြောင့်ပျောက်သွားခဲ့တာလဲ? ဘာလို့ အခုမှပြန်ပေါ်လာလဲ? ဒီကိစ္စမှာ မြူရောပတ်သက်နေသလား? ထူးခြားဆန်းကြယ်ကလပ် မှတ်တမ်းတင်နိုင်ဖို့ကြိုးစားတဲ့ ဂြိုဟ်သားတွေကရော တကယ်ပဲရှိ‌နေတာလား? စတာတွေကိုတော့ UMG ကားလေးမှာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ကြည့်ရှုနိုင်ပါပြီ။ ကဲ Sunday တိုင်း Nanon တို့နဲ့အတူ ဂြိုဟ်သားဖမ်းဖို့ အဆင်သင့်ဖြစ်ပြီလား!?