-
Movie Name
-
Kondraal Paavam (2023)
-
Year
-
2023
-
Generes
-
Crime, Drama, Thriller
-
Code
-
IND0774
-
Type
-
Movie
-
Size
-
735 MB
-
Country
-
Bollywood
-
Description
-
Kondraal Paavm(2023)
ဒီတစ်ခါတော့ CM ပရိသတ်ကြီးအတွက် IMDb 8.6/10 ရရှိထားပြီး ဇာတ်အိမ်အခိုင်အမာနဲ့
ကားသစ်လေးတစ်ကားကို တင်ဆက်ပေးလိုက်ရပါတယ်။ ကျွန်မတို့ငယ်ငယ်က သင်ရတဲ့
ပုံပြင်တွေထဲ ရေခရားနဲ့ ကျီးကန်းပုံပြင်လေးကို မှတ်မိကြဦးမယ်လို့ထင်ပါတယ်။
ရေခရားထဲကရေကို များများနဲ့ မြန်မြန်လိုချင်လို့ ကျောက်ခဲအသေးစားလေးတွေတစ်လုံးစီ ပစ်ချရမယ့်အစား
အဆင်အခြင်မဲ့စွာနဲ့ ကျောက်တုံးကြီးပစ်ချလိုက်မိလို့ ရေခရားလည်းကွဲ ရေလည်းငတ်သွားရတဲ့ ပုံပြင်လေးပါ။
ဒီဇာတ်လမ်းလေးကလည်း အဲ့ဒီ့ပုံပြင်လေးရဲ့သင်ခန်းစာနဲ့ဆင်တဲ့ ဇာတ်လမ်းတစ်ပုဒ်ကို အခြေခံပြီးရီုက်ထားတာပါ။
ဝမ်းဆွဲသည်အမေနဲ့ အရက်သမားအဖေ၊ အကောင်းမြင်စိတ်ဆို နည်းနည်းလေးမှမရှိအောင်နေတဲ့ သမီးဖြစ်သူတို့အိမ်ကို
ကြွယ်ဝခြင်းနတ်ဘုရားက ကြွယ်ဝခြင်းတွေပို့လိုက်ပြီဆိုတဲ့စကားသယ်လာပေးတဲ့ လူတစ်ယောက်ရဲ့စကားအဆုံးမှာ
တကယ်ကိုပဲ လူတစ်ယောက်ဟာ ငွေထုပ်ပိုက်ပြီးရောက်လာခဲ့တဲ့အခါမှာတော့ အရာရာဟာပြောင်းလဲလာပါတော့တယ်။
လက်ရှိနဲ့ ပုံပြင်၊ လက်တွေ့နဲ့ ဘာသာရေးအယူအဆတွေကို Mystery ဆန်ဆန်ချိတ်ဆက်ရိုက်ကူးသွားပုံက
စိတ်ဝင်စားဖို့ကောင်းတဲ့အပြင် Plot twist ဆန်းဆန်းတွေကို မထင်မှတ်တဲ့နေရာမှာထည့်သွားပုံကလည်း
ဒီကားကိုအဆုံးထိ ဇာတ်ရှိန်မကျသွားစေရတဲ့ အကြောင်းအရင်းပဲဖြစ်ပြီး အချိန်ပေးရကျိုးနပ်မယ့်ကားလေးမို့
ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်နော်။