Movie Name
Touch Your Heart
Year
2019
Generes
Drama, Romance
Code
SKR0060
Type
Series
Size
8.31 GB
Country
Korea
Description
Synopsis Oh Yoon-Seo ဟာ ကျော်ကြားတဲ့မင်းသမီးတစ်ယောက်ပါ။ ဒါပေမဲ့ သူရဲ့ကျော်ကြားမှုဟာ သူ့အလှတရားကြောင့်သာဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာတော့ အရမ်းကိုဆိုးဝါးလွန်းတဲ့ acting skill ညံ့သူတစ်ယောက်ပါ။. တစ်နေ့မှာတော့ သူဌေးမိသားစုမှ သားနဲ့အတူ သတင်းဆိုးတစ်ခုထွက်ခဲ့ပါတယ်။ အဲဒီသတင်းကြောင့် သူရဲ့ သရုပ်ဆောင်အလုပ်ကျဆင်းခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ နာမည်ကြီးစာရေးဆရာတစ်ယောက်က oh yoon seo ကို drama series တစ်ခုရဲ့ အဓိကမင်းသမီးသရုပ်ဆောင်အဖြစ်ပါဝင်စေလိုပါတယ်။ သူရဲ့ character ကတော့ ရှေ့နေတဦးရဲ့ secretary တယောက်အနေနဲ့သရုပ်ဆောင်ရမှာပါ..ဒါကြောင့်လဲ သူဟာ အတွေ့အကြုံရဖို့အတွက် ရှေ့နေတစ်ဦးရဲ့ secretary အဖြစ် လအနည်းငယ်အလုပ်လုပ်ဖို့ လိုအပ်လာပါတယ်။ Kwon Jung-Rok က တည်ကြည်တဲ့ အကျိုးဆောင်ကိုယ်စားလှယ်ရှေ့နေတဦးပါ။ မာနကြီးပြီး အေးစက်စက် နှလုံးသားပိုင်ရှင်ပါ။ တစ်နေ့တော့ မင်းသမီး yoon seo ဟာ Jung-Rok ဆီမှာ secretary အဖြစ် ၆ လ အလုပ်လုပ်ဖို့ ဖြစ်လာပါတော့တယ်။ Jung-Rok တစ်ယောက် ဒီအကြောင်းကို သူ့ boss ဆီမှ သိခဲ့ရပြီး ဒီအခြေအနေကို သူလုံးဝ မနှစ်မြို့ခဲ့ပါဘူး။လက်လည်းမခံချင်ခဲ့ပါဘူး။ ဒီလိုနဲ့ မာနကြီးတဲ့ ရှေ့နေနဲ့ လှပတဲ့မင်းသမီးလေးကြား ဘာတွေဆက်ဖြစ်မလဲ။ သူတို့ရဲ့ အချစ်ရေးကကော ဘာဖြစ်လာမှာလဲဆိုတာကိုတော့.. “Touch Your Heart” ဆိုတဲ့ drama လေးမှာ စောင့်မျှော်ကြည့်ရှုကြရမှာပါ။