Movie Name
Alex Cross (2012)
Year
2012
Generes
Action, Crime, Thriller
Code
EN2829
Type
Movie
Size
1.14 GB
Country
Hollywood
Description
ဒီရုပ်ရှင်ကတော့​ စာရေး​ဆရာ​ ဂျိမ်းစ်ပီတာဆင်ရဲ့ Cross​ ဝတ္ထု​များကို​ ပြန်လည်​ရိုက်ကူး​ထားတဲ့​ Action/Thriller ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဝတ္ထု​ရဲ့အဓိကဇာတ်လိုက်ကတော့​ ဒေါက်တာ​ Alex Cross ဆိုတဲ့​ စိတ်ပညာရှင်နဲ့ ရဲစုံထောက်တစ်ဦးဖြစ်ပြီး ဒီဇာတ်ကောင်ကို​ Morgan​ Freeman ကလည်းသရုပ်ဆောင်ဖူးပါတယ်။ ဇာတ်လမ်း​အကျဥ်းကတော့ Alex Cross က​ ဇနီးဖြစ်သူ​ ကိုယ်ဝန်သည် မာရီယာ​နဲ့အတူ​ ဒီထရွိုက်မြို့မှာနေပါတယ်။ အဲဒီအချိန်မှာ အက်ဖ်ဘီအိုင်က သူတို့ရဲ့​ဝါရှင်တန်​ဒီစီကဌာနချုပ်မှာ​ တာဝန်​ထမ်းဆောင်​ပေးဖို့​ ကမ်းလှမ်းပါတယ်။ လက်ခံသင့်မခံသင့်​ စဥ်းစား​နေချိန်မှာပဲ​ လူချမ်းသာအမျိုးသမီးတစ်ဦးကို​ နှိပ်စက်​သတ်ဖြတ်​သွားတဲ့အမှုတစ်ခုဖြစ်သွားပါတယ်။ လူသတ်သမားဟာ​ အမျိုး​သမီးတင်မက​ သက်တော်စောင့်တွေကိုပါ တစ်ဦး​တည်းသတ်ဖြတ်သွားခဲ့တဲ့အပြင် အခင်း​ဖြစ်ပွား​ရာနေရာမှာတင် ပန်းချီတစ်ပုံရေးဆွဲပြီး ထားရစ်ခဲ့ပါသေးတယ်။ ဒီလူသတ်သမားဟာ စိတ္တဇ​လူသတ်​သမားဖြစ်ရုံမက နောက်ထပ်​ကွင်းဆက်လူသတ်မှုတွေကိုပါ ထပ်မံ​ကျူးလွန်​ဖို့ရှိတယ်ဆိုတာကို Alex​ Cross​သိရှိ​သွားတဲ့အခါမှာတော့ လူသတ်သမားနဲ့ Alex အကြား​အားပြိုင်မှုစတင်ပါတော့တယ်။ လူသတ်​သမား​က​ Alex ရဲ့မိသားစုကိုပါ ထိပါးဖို့ကြိုးစားလာတဲ့အချိန်မှာတော့​ Alex တစ်ယောက်ဘယ်လိုတုံ့ပြန်မလဲ စနစ်တကျ​လေ့ကျင့်​ထားတဲ့လူသတ်သမားကိုယှဥ်ပြိုင်နိုင်ပါ့မလားဆိုတာ​ကို​ Action Thriller ဇာတ်ကား​ပီပီ​ ရင်တမမနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီ​ရုပ်ရှင်​က​ Box Office မှာထင်ထားသလောက် ဝင်ငွေမရခဲ့ပေမဲ့ ဝတ္ထု​ပရိသတ်​အချို့​ကတော့​ အကြိုက်တွေ့ခဲ့ပါတယ်။ ဇာတ်လမ်း​မှာ plot twist တစ်ခုလည်းပါဝင်ပြီး Action Thriller နှစ်သက်သူတွေအတွက်တော့ ကြည့်ပျော်စေမဲ့ဇာတ်ကားဖြစ်ပါတယ်။ ဘာသာပြန်သူ​ကတော့​ Wolfenheim​ ဖြစ်ပါတယ်။