-
Movie Name
-
Let's Get Divorced (2023)
-
Year
-
2023
-
Generes
-
Comedy, Drama, Romance
-
Code
-
SKR0845
-
Type
-
Series
-
Size
-
3.74 GB
-
Country
-
Korea
-
Description
-
အပိုင်း ( ၁ မှ ၉) အထိ စ/ဆုံး
ဒီစီးရီးလေးကတော့ အိမ်ထောင်သက်တမ်းကြာလာတာနဲ့ အချစ်တွေမရှိတော့ဘဲ ကွာရှင်းဖို့သာအားပြုနေကြတဲ့
လင်မယားစုံတွဲလေးအကြောင်းကို ရိုက်ကူးထားတဲ့ Comedy Drama Seriesလေးပါ။
ခင်ပွန်းဖြစ်သူ တအိရှိဟာ နိုင်ငံရေးမိသားစုအသိုင်းအဝိုင်းက ကြီးပြင်းလာသူ၊ လက်ရှိမှာလည်း ရွေးကောက်ခံ
ဥပဒေပြုအဖွဲ့ဝင်တစ်ယောက်ပေါ့။
သူ ရွေးကောက်ခံနိုင်ငံရေးသမားဖြစ်လာပုံကအဆန်းဗျ။ ဇနီးဖြစ်သူဟာ နာမည်ကျော်မင်းသမီးဖြစ်နေလေတော့
မင်းသမီးယောကျာ်းဆိုပြီးမဲပေးရင်း၊ မဲဆွယ်ရင်းက ရွေးကောက်ပွဲနိုင်ထားတာပါ။
ဇနီးဖြစ်သူ ယူအီဟာလည်း ရုပ်ရှင်ရိုက်ကွင်းတွေ မအားတဲ့ကြားက ယောကျာ်းရဲ့ မဲဆွယ်ပွဲတိုင်းလိုလို
ပါဝင်အားဖြည့်ပေးနေကျ ပါရမီဖြည့်ဖက်လေးပါ။
ဒီလိုဇနီးလေးရထားတာကိုမှ တအိရှိဟာတီဗီအစီအစဥ်ကြေငြာသူတစ်ယောက်နဲ့
လမ်းဘေးမှာနမ်းရင်း ဖောက်ပြန်မိသွားပါတယ်။
တအိရှိတစ်ယောက် ဖောက်ပြန်မိတဲ့အတွက် ဇနီးဖြစ်သူကို သုံးနှစ်လုံးလုံး တောင်းပန်ရိုကျိုးခဲ့ပေမယ့်
အခုကျထပ်ပြီးသတင်းထွက်လာတော့ သူလည်းမအောင့်နိုင်တော့ဘဲ ကွာရှင်းဖို့ကြံပါလေရော။
တစ်ဖက်မှာလည်း ယူအီကိုယ်တိုင်က ခင်ပွန်းဖြစ်သူကို လက်လွှတ်ရမလား၊ ထပ်ခွင့်လွှတ်ပြီး ရှေ့ဆက်ရမလား ဝေခွဲမရဖြစ်နေရှာပါတယ်။
သို့ပေမဲ့လည်း အိမ်ထောင်ကိစ္စ၊ ကွာရှင်းကိစ္စဆိုတာ သူတို့အတွက်ကျတော့ လွယ်ကူမနေပြန်ဘူး။
အချစ်တွေမေတ္တာတွေက အနေနီးလို့မမြင်ရပေမယ့် သံယောဇဥ်ကရှိနေဆဲပဲလေ။
သူတို့နှစ်ယောက်ကြားမှာ ဘယ်လိုဇာတ်လမ်းလေးတွေရှိဦးမလဲ၊ ဘယ်သူတွေက စနှိုက်ကြမှာလား၊
ခြံခုန်ကြမှာလားဆိုတော့ ဇာတ်လမ်းလေးထဲမှာကြည့်ရှုဖို့တင်ဆက်ပေးလိုက်ပါတယ်။