-
Movie Name
-
Beautiful Beings (2022)
-
Year
-
2022
-
Generes
-
Drama
-
Code
-
EN2835
-
Type
-
Movie
-
Size
-
966 MB
-
Country
-
Hollywood
-
Description
-
Beautiful Beings (2022)
~ IMDb – 7.5/10, Rotten Tomatoes – 82% ~
2022 က ထွက်ရှိထားတဲ့ အိုက်စ်လန်း Drama ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ IMDb – 7.5/10 နဲ့ ခရမ်းချဉ်သီးကတော့ 82% ရရှိထားပါတယ်။
ဒီဇာတ်လမ်းလေးကို ဆယ်ကျော်သက်ကောင်လေး လေးယောက်အပေါ်မှာဇာတ်အိမ်တည်ထားတာပါ။ ရက်စက်ကြမ်းကြုတ်ပြီး သူငယ်ချင်းအပေါ်ကလွဲရင် ဘယ်သူ့အပေါ်မှ မကောင်းတဲ့ကွန်နီဆိုတဲ့တစ်ယောက်ရယ်၊ ဟာသလုပ်တတ်တဲ့လူရွင်တော် ဆက်ဂီဆိုတဲ့ကောင်လေးရယ်၊ အိပ်မက်တွေထဲကနေမြင်ပြီး အဖြစ်အပျက်တွေကို အာရုံခံနိုင်တဲ့အက်ဒီဆိုတဲ့ကောင်လေးတစ်ယောက်ရယ် သူတို့သုံးယောက်က သူငယ်ချင်းတွေပါ။ အက်ဒီက ကျောင်းမှာအနိုင်ကျင့်ခံဖြစ်တဲ့ ဘယ်လ်လီဆိုတဲ့ကောင်လေးကို အဖွဲ့ထဲခေါ်သွင်းလိုက်ရာကနေ ဒီဇာတ်လမ်းလေးစတင်ပါတော့တယ်။
ဒီဇာတ်လမ်းထဲမှာ ဆယ်ကျော်သက်ဘ၀နဲ့လူကြီးဘ၀ အကူးအပြောင်းကာလမှာ ကြုံတွေ့ရတဲ့ကိစ္စတွေအပြင် ရက်စက်ကြမ်းကြုတ်တဲ့ဘ၀ထဲမှာမှ ဘယ်လိုလှပတဲ့အရာတွေပေါက်ဖွားလာလဲဆိုတာ စိတ်၀င်တစားကြည့်ရှုရမှာပါ။