-
Movie Name
-
A Date With Future (မီးလျှံထဲက နွေးထွေးသောအချစ်) (2023)
-
Year
-
2023
-
Generes
-
Drama, Romance
-
Code
-
SC0650
-
Type
-
Series
-
Size
-
12 GB
-
Country
-
China
-
Description
-
1-36 Completed
ဒီတစ်ခေါက် CM ကနေတင်ဆက်ပေးမဲ့ဇာတ်လမ်းတွဲလေးကတော့ မီးဘေးအန္တရာယ်ကေနလူေတွကို
ရဲစွမ်းသတ္တိအပြည့်နဲ့ကယ်တင်ပေးနေတဲ့မီးသတ်သမားလေးနဲ့ မြေပြင်သတင်းများကိုအချိန်နဲ့တစ်ပြေးညီ
တင်ဆက်ပေးနေတဲ့သတင်းထောက်မလေးကြားကပေါ်ပေါက်လာတဲ့အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်…
ဒီဇာတ်လမ်းလေးမှာအဓိကပါဝင်သရုပ်ဆောင်ထားကတော့ မင်းသမီးချော Zhang Ruoan နဲ့
ဟောင်ေကာင်မင်းသားချော William Chan..သူ့ကိုအရင်ကတည်းက သိုင်းကား Legend of Zu Mountain,
Pearl Eclipse အစရှိတဲ့သိုင်းကားတင်သာမကပဲ action ကားများထဲလည်
းသူ့ရဲ့ကောင်းမွန်တဲ့သရုပ်ဆောင်ချက်တွေနဲ့အများရင်းနှီးပြီးသားဖြစ်မှာပါ😌
ဒီဇာတ်လမ်းလေးမှာကတော့ မီးသတ်သမားေလးကျင်ရှီချွမ်းဟာ ငလျင်ကယ်ဆယ်ရေးတစ်ခုမှာ
ရွှီလိုင်လိုအမည်ရတဲ့ကောင်မလေးတစ်ယေက်ကိုကယ်တင်ခဲ့တယ်။ အဲ့ကောင်မလေးက
သူ့ကိုကယ်တင်ပေးတဲ့ကယ်တင်ရှင်ကို ၁၀နှစ်ပြီးရင်ပြန်လည်ေတွ့ဆုံမယ်ဆိုတဲ့ကတိကိုေပးထားခဲ့တယ်။
အဲ့အချိန်မှာတော့မီးသတ်သမားကလည်းကောင်မလေး ဒဏ်ရာရနေတာကိုငဲ့ညှာပြီး လက်ခံခဲ့တာကနေစပါတယ်။
၁၀နှစ်ပြီးတဲ့နောက် ရွှလိုင်ဟာသတင်းထောက်ရာထူးအပြင်နိုင်ငံတကာခွေးလေ့ကျင့်သင်ကြားရေးလက်မှတ်ပါရထားတဲ့သူအဖြစ်နဲ့
တရုတ်ပြည်ကိုပြန်ရောက်လာခဲ့တယ်။ သူမဟာ သတင်းတင်ဆက်ရင်း ကျင်ရှီချွမ်းနဲ့ ကယ်ဆယ်ရေးတစ်ခုမှာပြန်လည်တွေ့ဆုံခဲ့တယ်။
အဲ့အချိန်မှာတော့ ကျင်ရှီချွမ်းကသူမကိုမမှတ်မိတဲ့အပြင်ကို သူ့ကိုအကျင့်စာရိတ္တမကောင်းတဲ့သတင်းထောက်ဆိုပြီးနားလည်မှုလွဲနေခဲ့တယ်။
ဒါပေမဲ့ရွှီလိုင်ဟာလက်မလျှော့ပဲနဲ့ ကျင်ရှီချွမ်းတို ကယ်ဆယ်ရေးအဖွဲတည်ထောင်တဲ့အခါမှာ
သူမရဲ့နိုင်ငံတကာခွေးလေ့ကျင့်သင်ကြားရေးကျွမ်းကျင်မှုနဲ့ အဖွဲမှာကျင်ရှီချွမ်းရဲ့ပါတနာအဖြစ်လုပ်ကိုင်ရင်း
ကျင်ရှီချွမ်းကသူ့အပေါ်မေတ္တာမျှလာစေအောင်ဘယ်လိုအားထုတ်သလဲ….
ယခင်ကအဖွဲဝင်တစ်ယောက်ဆုံးရှုးထားတဲ့စိတ်ဒဏ်ရာကြောင့် တဖန်ချစ်ဖိုဝန်လေးနေတဲ့ကျင်ရှီချွမ်းကရော
ရွှီလိုင်ရဲ့ရည်ရွယ်ချက်ရှိရှိချဉ်းကပ်မှုတွေ၊ ဖွင့်ဟပြောဆိုမှုတွေပေါ်ယိမ်းယိုင်လာမလား…
နှစ်ဦးနှစ်ဖက်ကအလုပ်သဘောအရအေရးေပါ်အန္တရာယ်တွေကြားမှာကြိမ်ဖန်များစွာတွေ့ဆုံရင်း
အခက်အခဲတွေကိုအပြန်အလှန်ဖေးမရင်းဘယ်လိုရင်ဆိုင်ကျော်ဖြတ်မလဲဆိုတာကို
CM နဲ့အတူစောင့်မျှော်ကြည့်ရူကြဖိုဖိတ်ခေါ်လိုက်ပါတယ် 🥰