Movie Name
The Conference (2023)
Year
2023
Generes
Drama, Historical, Romance
Code
EN2853
Type
Movie
Size
619 MB
Country
Hollywood
Description
သမိုင်း​မှာ​ Holocaust ဖြစ်ရပ်ကိုကြားဖူးကြမယ်ထင်ပါတယ်။ လူ့သမိုင်းတစ်လျှောက်မှာ​ ဖြစ်ပျက်​ခဲ့တဲ့​ အရေးပါ​ဆုံးဖြစ်စဥ်တွေထဲကတစ်ခုဖြစ်ပြီး​ ဂျူး​လူမျိုး​ ၆သန်းကျော်ကို လူမျိုး​တုံးသတ်ဖြတ်ခဲ့တဲ့​ အဖြစ်အပျက်ပါ။ ဒီအဖြစ်အပျက်က ဒုတိယ​ကမ္ဘာ​စစ်​နဲ့တကွ နောင်​လာမဲ့ကမ္ဘာ့နိုင်ငံရေးဖြစ်စဥ်တွေကိုပါ​ ရိုက်ခတ်မှုကြီးမားခဲ့ပါတယ်။ အခုရုပ်ရှင်​က​ နာဇီတွေရဲ့ဂျူး​ပြဿနာ​ကိုဖြေရှင်းမဲ့ Final Solution ဆိုတဲ့စီမံကိန်းနဲ့ ဒီစီမံကိန်းကို အကောင်​အထည်ဖော်ခဲ့တဲ့ Holocaust အဖြစ်အပျက်​ရဲ့​ မြစ်ဖျားခံရာ Wannsee Conference​ အကြောင်းကို​ Dokudrama​ အနေနဲ့ရိုက်ကူးထားတာဖြစ်ပါတယ်။ ရုပ်ရှင်​တစ်ခုလုံး​ဟာ​ Wannsee​ Conference​ ကျင်း​ပနေတဲ့​ မိနစ်ပိုင်းတွေကို ဘေးကနေထိုင်ကြည့်နေရသလို​ တင်ဆက်ထားတာဖြစ်ပါတယ်။ ဒီ​အစည်းအဝေး​ကို​ ဘာလင်မြို့ပြင်က Wannsee​ ​ဆိုတဲ့​အရပ်မှာကျင်းပခဲ့ပြီး​ အစည်းအဝေးကို နာဇီဂျာမနီအစိုးရရဲ့ ထိပ်တန်း​အရာရှိ​တွေနဲ့​ SS​ ထိပ်သီးခေါင်းဆောင်​တွေတက်ရောက်ခဲ့တာဖြစ်ပါတယ်။ ဒီလူတွေ​ထဲမှာ​ ထိပ်တန်း​ဂျာမနီ​တက္ကသိုလ်​တွေမှာ​ ပညာသင်ကြားခဲ့တဲ့ ပညာရှင်​တွေ​ ခေါင်း​ဆောင်တွေပါဝင်ပြီး ဒီလူတွေ​ကပဲ​ လူ့သမိုင်းမှာမကြုံဖူးလောက်တဲ့ စနစ်တကျလူမျိုးတုံးသတ်ဖြတ်မှုကြီးကို စီမံခဲ့တာပါ။ ဒီအစည်းအဝေးဟာ ကမ္ဘာ့သမိုင်းဖြစ်စဥ်ရဲ့ အလှည့်အပြောင်းတစ်ခုဖြစ်ခဲ့ပါတယ်။ နာဇီတွေဟာ ဥရောပ​တိုက်​ကို​ ကျူး​ကျော်မှုစပြီးမကြာမီမှာ ဂျူး​ပြဿနာ​ကိုဖြေရှင်းဖို့ စဥ်းစား​ခဲ့တာဖြစ်ပြီး ပထမဆုံး​အနေနဲ့​ ဂျူး​တွေ​အားလုံးကို​ မာဒါဂါစကားကျွန်းကိုပိုဖို့စီစဥ်ခဲ့ပေမဲ့ စစ်ပွဲအခြေအနေနဲ့ ရေကြောင်း​အင်အားမလုံလောက်မှုကြောင့် အရှေ့ဘက်ဒေသလို့ခေါ်တဲ့ ဂျာမန်အသိမ်းပိုက်ခံ ပိုလန်နိုင်ငံကိုပို့ပြီး​ ဓာတ်ငွေ့ခန်းတွေထဲမှာ စီရင်​ဖို့​ဆုံးဖြတ်​ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်တွေအားလုံးကို ဒီအစည်းအဝေးမှာပဲဆုံးဖြတ်ခဲ့ပါတယ်။ ဒီစီမံကိန်းကို​ အကောင်​အထည်ဖော်ဖို့လိုအပ်တဲ့လုပ်ငန်းစဥ်တွေ၊ အသေး​စိတ်အချက်တွေကို ဆွေးနွေး​ကြတာကို သမိုင်းစိတ်ဝင်စားသူတွေအတွက် စိတ်ဝင်စား​ဖွယ်တွေ့မြင်ရမှာပါ။ ဒီ​ရုပ်ရှင်​က​ ဂျာမန်​တယ်လီဗေးရှင်းဆုများနဲ့​ နိုင်ငံ​တကာဆုများကိုလည်းရရှိထားပါတယ်။ အစည်းအဝေး​အစကနေ​ အဆုံးထိကို ရိုက်ကူး​ထားတာ​ဖြစ်ပြီး ဇာတ်ကား​တစ်လျှောက်​လုံး စကားတွေပဲထိုင်ပြောနေတာဖြစ်တဲ့အတွက် ပရိသတ်​တချို့အတွက်တော့ ပျင်းရိ​စရာကောင်းနေမှာဖြစ်ပေမဲ့ သမိုင်းကိုစိတ်ဝင်စားသူတွေအတွက်တော့ ကြည့်သင့်တဲ့ဇာတ်ကားတစ်ခုဖြစ်မှာပါ။ ဘာသာပြန်သူ​ကတော့​ Wolfenheim​ ဖြစ်​ပါတယ်။