Movie Name
Summit Fever (2022)
Year
2022
Generes
Adventure, Drama
Code
EN2859
Type
Movie
Size
1.16 GB
Country
Hollywood
Description
Summit Fever (2022) ================ ‌ဒီဇာတ်ကားလေးက 2022 ခုနှစ်ကထွက်ရှိခဲ့ပြီး ဒါရိုက်တာ Julian Gilbey ရိုက်ကူးထားပါတယ်။ မိုက်ကယ်ဟာ ဆုံးပါး သွားတဲ့သူ့အမ လူစီကြောင့်မလို့တောင်တက်ရတာကိုဝါသနာ ပါသူတစ်ယောက်ပါ။ သူ့အဖေကတော့ ဝင်ငွေကောင်းတဲ့ စီးပွား ရေးလုပ်ငန်းကိုပဲလုပ်စေချင်ပါတယ်။ ဒါပေမယ့်တစ်နေ့တော့ အလုပ်ကနေခွင့်ယူလာပြီး သူငယ်ချင်းတွေဖြစ်တဲ့ ဂျင်ပီရယ်တို့နဲ့ အတူတောင်တက်ဖို့ ချန်မိုနိ့ ကိုထွက်လာပါတော့တယ်။ အဲဒီမှာသူတို့သူငယ်ချင်းတစ်စုတောင်တက်နေရင်း မတော်တစ် ဆမှုဖြစ်လို့ လီယို နဲ့ နာတာရှာ တို့သေဆုံးခဲ့ရပါတယ်။ ဒါပေမယ့် လည်း သူတို့သူငယ်ချင်းတွေကတော့ ၀မ်းနည်းပူဆွေးနေခြင်းမရှိ ဘဲ ဂုဏ်ပြုတာဆိုပြီး အနေထိုင်မပျက် တောင်ဆက်တက်နေတုန်း ပါပဲ။ အဲဒါကို မိုက်ကယ်က မကြိုက်လို့တောင်တက်အဖွဲ့ထဲကထွက် လိုက်ပေမယ့်လည်း သူ့ရဲ့အခင်ဆုံးသူငယ်ချင်းဖြစ်တဲ့ ဂျင်ပီရယ်က မိုက်ကယ့် နေရာကိုတခြားသူတွေအစားထိုးပြီး တောင်တက်ဖို့ပြင် ပါတော့တယ်။ အဲဒီအခါ မိုက်ကယ် ကသူ့အမလူစီ တုန်းကလိုမျိုး သူ့သူငယ်ချင်းကိုအသက်မဆုံးရှုံးစေချင်လို့ တောင်တက်အဖွဲ့ထဲ ပြန်၀င်ခဲ့ပါတယ်။ မိုက်ကယ် နဲ့ ဂျင်ပီရယ် တို့အဖွဲ့တောင်တက်တဲ့‌အခါမှာတော့ မထင် မှတ်ဘဲ မုန်တိုင်းမိပြီး ပြဿနာတွေတက်ကြတဲ့အခါ ဘယ်လိုရင်ဆိုင် ကြလဲဆိုတာ ရင်သပ်ရှုမောစွာကြည့်ရှုရမှာပဲဖြစ်ပါတယ်။