Movie Name
Agilan (2023)
Year
2023
Generes
Action, Drama, Thriller
Code
IND0783
Type
Movie
Size
1.13 GB
Country
Bollywood
Description
Aglian 2023 Action/Drama/Thriller ကွန်တိန်နာနံပါတ်ကြည့်ရုံနဲ့ အာဂီလန်ပိုင်မှန်းသိရင် အဲ့ဒီကွန်တိန်နာကို ထိကို မထိရဲလောက်တဲ့ထိ ဖိန့်ဖိန့်တုန်အောင် ဩဇာအာဏာကြီးလှတဲ့ ဆိပ်ကမ်းဘုရင်လူမိုက်ကြီး အာဂီလန်…. ဒီလူမိုက်ကြီးအာဂီလန့်နေရာကို သရုပ်ဆောင်ထားတာကလဲ အက်ရှင်ဇာတ်ကြမ်းတွေနဲ့ နာမည်ကြီးလာတဲ့ မင်းသား Jayam Raviဆိုတော့ ဒီအက်ရှင်ကားက သွေးသံတရဲရဲနဲ့ အစဆုံးကြည့်ချင်နေမှာအသေချာပါပဲ… % buffered 00:00 -00:17 Download Your browser does not support the video tag. အိန္ဒိယသမုဒ္ဒရာရဲ့ဘုရင်လို့တောင် တင်စားရတဲ့အာဂီလန်ဟာ ဆိပ်ကမ်းက ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေအားလုံးကို ထိန်းချုပ်ထားတဲ့ဆိပ်ကမ်းလူမိုက်ကြီးတစ်ဦးပဲဖြစ်ပါတယ်။ ဒုစရိုက်လောကမှာ နာမည်ကျော်တဲ့ ကပူးရ်ကတော့ ငွေကြေးအတုလုပ်ငန်းကို ကုန်စည်ပို့ဆောင်ရေးနဲ့ တွဲဖက်လုပ်ကိုင်နေတာဖြစ်ပြီး မူးယစ်ရာဇာ ပါရန်ဒါမန်ကတော့ ကပူးရ်အတွက် အလုပ်လုပ်ပေးနေတဲ့ ဒုစရိုက်လောကသားပဲဖြစ်ပါတယ်။ သူတို့တွေရဲ့ တရားမဝင်လုပ်ဆောင်မှုတွေကို အာဂီလန်က ထိန်းချုပ်ပေးနေတာပါ။ ဒီလိုမျိုး အာဂီလန်ကချုပ်ကိုင်ထားတဲ့အတွက် ဘယ်အရာကမှ ဝင်စွက်ဖက်လို့မရပါဘူး။ ဒါပေမဲ့ “မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိ”ဆိုတဲ့အတိုင်း လိမ်လည်လှည့်ဖြားမှုတွေ တစ်စတစ်စပေါ်လာတဲ့အခါမှာတော့…အာဂီလန်ဘယ်လိုတွေဆက်လုပ်မလဲ။ ဘယ်လိုမျိုးစိတ်ဝင်စားစရာဇာတ်ကြောင်းတွေ ထွက်ပေါ်လာဦးမလဲဆိုတာကို အက်ရှင်အကြမ်းစားတွေနဲ့ စိတ်ဝင်တစားကြည့်ရှုကြရမှာဖြစ်ပါတယ်။