Movie Name
Hidden Love (ကိုကို့ကို ချစ်တယ် ) (2023)
Year
2023
Generes
Drama, Romance
Code
SC0651
Type
Series
Size
8.19 GB
Country
China
Description
1-25 Completed ကျွန်မမှာ အိမ်မက်တစ်ခုရှိတယ် သိပ်ဝန်မခံချင်ပေမဲ့…… သူ့နာမည်က * သွမ်..ကျား..ရွှီ * အခုကစပြီး ကျွန်မအိမ်မက်နဲ့နီးစပ်ဖို့ကြိုးစားတော့မယ် ” -စန်းကျီ —– “သူများမှာရှိတဲ့အရာမှန်သမျှ ကိုယ့်ရဲ့ကျီကျီမှာ ရှိစေရမယ် ၊ ကိုကိုက မင်းကိုတစ်သက်လုံး နစ်နေအောင်ချစ်မှာ” – သွမ်ကျားရွှီ ——— ဇာတ်လမ်းအညွှန်း ဆယ်ကျော်သက်အရွယ်ဟာ နှလုံးသားကနေ ဖြူစင်တဲ့ စည်းချက်မြည်တီးနေတဲ့ ရင်ခုန်စရာနေ့ရက်တွေဖြစ်ပါသတဲ့ -ဒီလိုပဲ အသက်၇နှစ်ကွာတဲ့ သွမ်ကျားရွှီဟာ ၁၃နှစ်အရွယ်စန်းကျီ‌ရဲ့ အချစ်ဦးပါတဲ့ ကြောင်နဲ့ကြွက်လို မတည့်အတူနေ မောင်နှမနှစ်‌ယောက်-စန်းရန်နဲ့စန်းကျီ စန်းကျီရဲ့အစ်ကိုဖြစ်သူ စန်းရန်ဟာ သွမ်ကျားရွှီနဲ့ငယ်ပေါင်း သူငယ်ချင်းရင်းတွေဖြစ်ပါတယ်၊ဒီလိုနဲ့ စန်းရန်အပြင်လစ်ပြီး ဂိမ်းဆော့တဲ့အချိန် ကျောင်းသူလေးစန်းကျီကိုထိန်းကျောင်းဖို့ဟာ ကိုကိုသွမ်ကျားရွှီတာဝန်ဖြစ်လာပါတော့တယ်၊ ထိန်းကျောင်းဖို့ဆိုတာထက် စန်းကျီနဲ့အတူ ‌ ပေါက်တက်ကရလိုက်မွှေပေးဖို့ဆို ပိုမှန်ပါလိမ့်မယ် ဒါပေမဲ့ အချစ်ဦးဇာတ်လမ်းတွေမှာ ဖြောင့်ဖြူးခြင်းဆိုတာ မရှိစမြဲပါပဲ၊သို့သော် နိဂုံးတော့မဟုတ်ခဲ့ပါဘူး… အခြေအနေအမျိုးမျိုးကြောင့်အချိန်အကြာဝေးကွာပြီးတဲ့မှ သူတို့နှစ်ယောက်ပြန်ဆုံတွေ့တဲ့ခါ… အထက်တန်းပြီးလို့ တက္ကသိုလ်ကျောင်းသူလေးဖြစ်နေတဲ့ စန်းကျီတစ်ယောက် ကိုကိုသွမ်ကျားရွှီမျက်လုံးထဲမှာ ကလေးလေးအဖြစ်ပဲဆက်ရှိနေဦးမလား… သွမ်ကျားရွှီရဲ့အလိုလိုက်နွေးထွေးမှုတွေက သကြားခဲလေးကို သကာရည်ပြောင်းလဲစေမလားဆိုတာ…