Movie Name
Aseq (2023]
Year
2023
Generes
Horror
Code
IND0785
Type
Movie
Size
580 MB
Country
Bollywood
Description
ဒီကားနဲ့ပဲ အကြည့်တွေကအစ မျက်နှာအမူအရာတွေအကုန် သရုပ်ဆောင်ကောင်းလွန်းလှတယ်လို့ ချီးကျူးခံထားရတဲ့ Vardhan Puri ၊မင်းသမီးချောလေး Sonnalli Seygallနဲ့ စူပါမော်ဒယ်မင်းသမီးချောလေး Elena Fernandes တို့က အဓိကဦးဆောင်ထားပြီး မင်းသားကြီး Siddharth Kapoor လည်းပါဝင်ထားပါတယ် ဒီကားမှာတော့ Vardhan နဲ့ စူပါမော်ဒယ်လေးက ဇာတ်ကိုအဓိကဆွဲခေါ်သွားမှာပါ ဇာတ်လမ်းအညွှန်း ရွန်နီဆိုတဲ့ကောင်လေးဟာ အလုပ်မရှိအကိုင်မရှိနဲ့ ၆ လကြာ တစ်နေ့တာအသုံးစရိတ်တွေကအစ ရည်းစားကရှင်းပေးနေရတဲ့ကောင်လေးပါ နောက်ဆုံး ရည်းစားကပါသည်းမခံနိုင်လို့ အရင်လူနောက်ပြန်ပါသွားပါတော့တယ် သူ့မှာ တစ်နေ့တာအတွက်လိုက်အကူအညီတောင်း ချေးငှားနေရတာ တစ်မျိူး ၊ ရည်းစားကပစ်သွားလို့ ကြေကွဲရတာတစ်မျိူးနဲ့‌ပေါ့ ရည်းစားဟောင်းကိုမေ့ပစ်ဖို့ ဘဝသစ်စဖို့အတွက် အချစ်သစ်ရှာဖို့သူငယ်ချင်းတွေကမြှောက်ပေးပါတော့တယ် ဒီလိုနဲ့ ပရီယန်ကာဆိုတဲ့ သူနဲ့ဘဝတူမိန်းမချောလေးနဲ့ဆုံပြီး အဆင်ပြေတော့မဲ့အချိန်မှာပဲ သူအနီးနားဝန်းကျင်မှာ မူမမှန်တာတွေဖြစ်လာတာကို သူရော ဘေးလူတွေပါသတိထားမိလာပါတယ် ဘယ်လိုမူမမှန်တာတွေလဲ ဘာကြောင့်လဲဆိုတာ ပရိသတ်ကြီးပါအတူလိုက်ကြည့်ရင်း အဖြေရှာကြည့်ပါဦး မှောင်မှောင်မဲမဲကနေ တီးလုံးသံဆူဆူညံညံနဲ့ ထွက်လာတတ်တဲ့ သရဲကားမဟုတ်ဘဲ visual ကောင်းတဲ့ကားမို့ စူပါမော်ဒယ်လေးရဲ့ အလှကိုပါခံစားနိုင်မှာပါ အလှလေးတစ်ဖြတ် သည်းထိတ်ရင်ဖိုလေးတစ်ကွက်နဲ့ကြည့်ရှူရမှာဖြစ်ပါတယ်