-
Movie Name
-
Stand Up Rahul (2023)
-
Year
-
2023
-
Generes
-
Comedy, Drama, Romance
-
Code
-
IND0787
-
Type
-
Movie
-
Size
-
793 MB
-
Country
-
Hollywood
-
Description
-
Stand Up Rahul (2022)
IMDb-5.1/10
ချစ်သူတွေကြားမှာ အချစ်ဆိုတာထက်ပိုအရေးကြီးတာတွေရှိတတ်ကြတာပဲလေ။
ဒါကိုနားမလည်နိုင်ဘဲဘာနေနေ မချစ်လို့ဖြစ်တာ၊အဲလိုလုပ်မှာပေါ့
ငါ့ကိုမှမချစ်တော့တာဆိုရင် အဲဒီလိုမျိုး
Relationshipတခုဟာ ရေရှည်တည်မြဲနေနိုင်ပေမယ့် ပျော်ရွှင်စရာဆိုတဲ့အရာတော့
တဖြည်းဖြည်းဆိတ်သုန်းလာမှာပဲ
ရာဟူးလ်က ချစ်တတ်ပြီး ချစ်သူကိုအနွံတာခံပေမယ့်
အိမ်ထောင်မှုဆိုတာကို မယုံကြည်တဲ့သူ၊အိမ်ထောင်သည်ဘ၀ဆိုတာ
သူ့အဖေနဲ့အမေလို ရန်တကျက်ကျက်ဖြစ်ရင်းနဲ့
သူလို ငတိတကောင်ကိုမွေးထုတ်ပေးရုံသက်သက်ကိစ္စတခုလိုတွေးမြင်ထားတာ၊
လမ်းပျောက်နေပြီး မိသားစုတွေမိတ်ဆွေတွေရဲ့
ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလားဆိုတာတွေကိုလည်း နားမဝင်တဲ့သူ၊စင်ပေါ်ကနေ ဟာသတွေပြောရတဲ့အလုပ်ကို
ဝါသနာပါတဲ့သူ၊သူ့ချစ်သူကောင်မလေးကကျ ချစ်သူတွေရဲ့နောက်တဆင့်က ပျော်ရွှင်စွာအတူလက်ထပ်နေထိုင်
ပေါင်းသင်းသွားကြလေသတည်းဆိုတာမျိုးကို စိတ်ကူးယဉ်တဲ့သူဖြစ်ပေမယ့် ချစ်သူစိတ်ချမ်းသာရင်ပြီးတာပဲ
ဆိုတဲ့စိတ်နဲ့ ဒီတိုင်းLiving Togetherပဲနေကြတယ်။
သူ့မိဘတွေက ရာဟူးလ်နဲ့လက်မထပ်ဘဲအတူနေမှန်းမသိကြ။သူတို့နှစ်ယောက်နေတဲ့အိမ်ရောက်လာပြီး တခြားတယောက်နဲ့
လက်ထပ်ဖို့စီစဉ်ပေးပါရော။အိမ်ထောင်ရေးကိုမယုံကြည်တဲ့ ရာဟူးလ်တယောက် မင်္ဂလာဆောင်ရတော့မယ့်ချစ်သူကို
ချစ်သူအလိုကျ အိမ်ထောင်မှုတခုတည်ဆောက်လိုက်နိုင်မလား၊သူဝါသနာပါတဲ့အလုပ်ကို အောင်မြင်အောင်လုပ်နိုင်မလားဆိုတာကို
လူငယ်ဆန်ဆန်ပေါ့ပေါ့ပါးပါးကြည့်ရမယ့် ရိုမန့်စ်ဟာသအချစ်ဇာတ်ကားလေးပါ။